လက်ပံတောင်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဒေသခံ ၅၀၀ ဆန္ဒပြ
2013.03.28
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်မှာရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဒေသခံ ၅၀၀ လောက်ဟာ သက်ဆိုင်ရာ အာဏာပိုင်တွေဆီမှာ တရားဝင်ခွင့်ပြုချက်ရယူပြီး ဒီကနေ့မှာ ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။
တုံရွာကနေ ဦးပိုင်ကုမ္မဏီနဲ့ ဝမ်ပေါင်ကုမ္မဏီအရှေ့အထိ ချီတက်လမ်းလျှောက် ဆန္ဒပြတာနဲ့ ပတ်သက်ပြီး တောကျောင်းကျေးရွာ ဒေသခံ ဦးမြင့်ဌေးက RFA ကို ပြောပါတယ်။
ဆန္ဒပြပွဲမှာ လက်ပံတောင်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ မီးလောင်ဗုံးတရားခံ ဖော်ထုတ်ပေးရေး၊ ပုဒ်မ ၁၄၄ ရုတ်သိမ်းပေးရေး စာတန်းတွေပါရှိတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး တုံရွာ၊ တောကျောင်းရွာ၊ အလယ်ရွာ၊ ရွာသစ်ရွာ၊ ဇီးတောရွာ၊ ဆည်ထဲရွာက ဒေသခံတွေက ကြွေးကြော်ခဲ့ကြပါတယ်။
အဲဒီလို တရားဝင်ဆန္ဒပြမှုတွေဟာ မတ်လ ၂၃ ရက်နေ့ကနေ ဆက်တိုက်ဆိုသလို တောင်းဆိုဆန္ဒပြနေတာလို့ သိရပါတယ်။