တအာင်းနဲ့ အစိုးရတပ်များ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွား
2014.06.16

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် လုံးကန်ရွာနဲ့ တောင် ပန်းကျေးရွာအနီးတဝိုက်မှာ အစိုးရစစ်တပ်နဲ့ တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ မနေ့က တိုက်ပွဲ ၃ကြိမ် ဖြစ် ပွားခဲ့တယ်လို့ TNLA ပြန်ကြားရေးဌာနက ကြေညာ ပါတယ်။
အဲ့ဒီ တိုက်ပွဲတွေကြောင့် ကွတ်ခိုင်မြို့နယ် လုံးကန်ကျေး ရွာက ရွာသားတွေ ထွက်ပြေးနေကြရတယ်လို့ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ဒုတိယပြန်ကြားရေးဌာနမှူး ဗိုလ်ကြီး တာပန်လှ က ပြောပါတယ်။
"လုံကန်ရွာထဲကို လက်နတ်ကြီး အလုံး ၂၀ လောက်လှမ်းပြီးတော့ ပစ်တယ်ဗျ၊ အဲ့လိုမျိုးပစ်လို့ ရွာသားတွေက ထိန့်လန့် ကုန်ကြပြီးတော့ နီးစပ်ရာ အကုန်လုံး ထွက်ပြေးကုန်ကြတယ်၊ ဆိုတော့ ရွာထဲမှာရှိတဲ့ အိမ်တစ်အိမ်လုံး အကုန်လုံး ပျက်စီးသွားတယ်လို့လည်း ကျနော်တို့ သိရတယ်"
အစိုးရစစ်တပ် တပ်မ ၈၈ လက်အောက်ခံ တပ်တွေဖြစ်တဲ့ ခလရ ၂၄၁၊ ၂၄၂ တပ်တွေနဲ့ TNLA ဗျူဟာ ၁ လက်အောက်ခံတပ်ရင်း ၁၀၁ တို့အကြား တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။
ဒီဇွန်လပိုင်းအတွင်းမှာ အစိုးရတပ်နဲ့ တအာင်း TNLA တပ်တွေ တိုက်ပွဲ ၁၅ ကြိမ်လောက် ဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။