တောင်သူများ အရိုက်ခံရမှု တရားခံဖေါ်ထုတ်ရေး ဆန္ဒပြ


2014.06.16
usoemyint-305.jpg အကြမ်းဖက်ရိုက်နှက်ခံရတဲ့ တောင်သူ ဦးစိုးမြင့်ကို တွေ့ရစဉ်
Photo: Su Su Nway Facebook

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာမှာ တောင်သူ ၅ ဦး ရိုက်နှက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရားခံတွေကို အမြန်ဆုံးဖော် ထုတ်ပေးဖို့ ပြင်ဦးလွင်မြို့ မှာ ထောင်ဂဏန်းနီးပါး ရှိမယ့် တောင်သူတွေက ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြ ပါတယ်။

ဒီနေ့ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ပြင်ဦးလွင်မြို့ နယ် တောင်သူလယ်သမားသမဂ္ဂ ဒုတိယဥက္ကဌ ကိုအောင်ဇော်မင်းက အခုလိုပြောပါတယ်။

"သိမ်းထားတဲ့လယ်ယာမြေများ ပြန်လည်းရရှိရေး၊ မင်းမဲ့စရိုက်ဆန်ဆန် အပြုအမူများ ဖြုတ် ချပေးရေးပေါ့နော် ၂၀၀၈ လယ်ယာဥပဒေနဲ့ အညီ ဆောင်ရွက်ပေးရေးပေါ့နော် ကျနော်တို့ အဲ့ ၃ ချက်နဲ့ ဆန္ဒပြတာပါ၊ ၅ ဦးကို ကြိုးနဲ့တုတ်ရိုက်ထာ တဲ့ဟာပေ့ါနော် အဲ့ဒီဟာကို ရဲတွေက ဥပဒေနဲ့ အညီ ဆောင်ရွက်ပေးခြင်း ရှိတော့ရှိတယ်၊ အင်အားနည်းလို့ ကျနော်တို့ဘက်က အမှှုမှန်ပေါ်ပေါက်အောင် ကျနော်တို့က တောင်းဆိုတာပါ"

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ထုံးဘိုကျေးရွာက ကော်ဖီခြံတစ်ခြံထဲမှာ ခြံပိုင်ရှင်ရဲ့လူယုံတွေလို့ ယူဆရသူ လူတစ်စုက တောင်သူ ၅ ဦးကို ခြံထဲလာဖို့ ဖိတ်ခေါ်ပြီး ရိုက်နှက်မှု ဖြစ်ခဲ့ပါတယ်။ အဲဒီကော်ဖီခြံ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး လက်ရှိခြံပိုင်ရှင်ဆိုသူတွေနဲ့ အနီးအနား ထုံးဘိုကျေးရွာက လယ်သမားတွေအကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ခြံလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။