ရန်ကုန်တိုင်း မြို့နယ် ခြောက်မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာ

2021.03.14
ရန်ကုန်တိုင်း မြို့နယ် ခြောက်မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာ လှိုင်သာယာမြို့နယ်မှာ စစ်အာဏာဆန့်ကျင် ဆန္ဒပြသူတွေကို ၂၀၂၀၁ မတ် ၁၄ ရက်နေ့က တွေ့ရစဉ်
-

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ မြောက်ဥက္ကလာပ မြို့နယ်တွေကို ဒီနေ့မနက်မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ အလားတူ လှိုင်သာယာမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်တွေကိုလည်း မနေ့ညက ကြေညာခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးကို အာဏာပေးလိုက်ကြောင်း စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ အမိန့်ထုတ်ပြန်ထားပါတယ်။

အခြေခံဥပဒေပုဒ်မ ၄၁၉အရ Martial Law လို့ခေါ်တဲ့ စစ်အုပ်ချုပ်ရေးအာဏာကို တိုင်းမှူးကိုယ်တိုင်ပဲဖြစ်ဖြစ် စစ်နယ်မြေမှူးတွေကို တာဝန်လွှဲပြီးတော့ပဲဖြစ်ဖြစ် ကျင့်သုံးနိုင်တယ်လို့ ဆိုပါတယ်။

အခုဆိုရင် ရန်ကုန်တိုင်းမှာ စစ်အုပ်ချုပ်ရေးအဖြစ် သတ်မှတ်ထားတဲ့ မြို့နယ် ခြောက်မြို့နယ်ရှိလာပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

လာချိဒ်ဝန်ပေါင်
2021-03-15 06:36

ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက နိုင်ငံတစ်ဝှမ်းလုံးတွင် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေတာ မဟုတ်ဘူးလား? ယခုလို ထပ်မံကြေငြာတာ ဘာထူးသလဲ?