ဆေးတက္ကသိုလ်နဲ့ တခြားအသက်မွေးဝမ်းကျောင်း ပညာသင်ခွင့်ဆုံးရှုံးတော့မယ့် အခြေအနေကို သတင်းစာရှင်းလင်း

ဆေးတက္ကသိုလ်ကိုလျှောက်ထားရင်း တက္ကသိုလ်ပညာသင်ခွင့် ဆုံးရှုံးရတော့မယ့် ကျောင်းသား ကျောင်းသူ ၂၁၇ ယောက်ကို ဆေးတက္ကသိုလ်ဝင်ခွင့် နောက်ဆက်တွဲမှာ ထည့်သွင်းပေးဖို့ ကာယကံရှင် ကျောင်းသားတွေနဲ့ မိဘတွေက အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

ဆေးတက္ကသိုလ်ဝင်ခွင့် နောက်ဆက်တွဲမှာ ထည့်သွင်းပေးဖို့ ကျောင်းသားတွေနဲ့ မိဘတွေ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က မန္တလေးမြို့မှာ ရှင်းလင်းစဉ် Photo: Khaymani Win/RFA

ဆေးတက္ကသိုလ်ကိုလျှောက်ထားရင်း တက္ကသိုလ်ပညာသင်ခွင့် ဆုံးရှုံးရတော့မယ့် ကျောင်းသား ကျောင်းသူ ၂၁၇ ယောက်ကို ဆေးတက္ကသိုလ်ဝင်ခွင့် နောက်ဆက်တွဲမှာ ထည့်သွင်းပေးဖို့ ကာယကံရှင် ကျောင်းသားတွေနဲ့ မိဘတွေက အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ မန္တလေးမြို့က လူထုစင်တာမှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနဲ့ ယင်းမာပင်စတဲ့ မြို့တွေက ကာယကံရှင် ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘတွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီကျောင်းသား ကျောင်းသူ ၂၁၇ ယောက်ဟာ ပြီးခဲ့တဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ ဘာသာစုံဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပေမယ့် ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာမှာ သတ်မှတ်ဦးရေပြည့်သွားလို့ ပယ်ချခံထား ရသူတွေဖြစ်ပါတယ်။

သူတို့ကို ဆေးတက္ကသိုလ်ဝင်ခွင့် နောက်ဆက်တွဲမှာ ထည့်သွင်းပေးဖို့၊ တခြားအသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေမှာ ဝင်ခွင့်ပေးဖို့ကိုလည်း တောင်ဆိုလိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက သူတို့ကို ဆေးတက္ကသိုလ်မဟုတ်တဲ့ တခြားအသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေမှာ ဝင်ခွင့်ရရှိအောင် သက်ဆိုင်ရာ တက္ကသိုလ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ RFA ကို ဒီနေ့ ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org