မန္တလေးက ဗကသကျောင်းသားတွေ စီတန်းလှည့်လည်ခွင့်ပုဒ်မနဲ့ ထပ်မံ အရေးယူခံရ

ခေမဏီဝင်း
2020.10.22
mdy-students-622.jpg ကျောင်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုသူတွေကို မန္တလေးမြို့ ချမ်းအေးသာစံတရားရုံးရှေ့မှာ ၂၀၂၀ အောက်တိုဘာ ၂၂ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win/RFA

မန္တလေးမြို့မှာ ရခိုင်အရေးတောင်းဆိုခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့က ကျောင်းသား ၃ ယောက်ကို ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ချမ်းအေးသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် တစ်လ ဒီနေ့ ချမှတ်လိုက်ပါတယ်။

ဒီနေ့ ထောင်ဒဏ်ချမှတ်ခံရသူတွေက ဗကသအဖွဲ့ဝင်တွေဖြစ်တဲ့ ကိုကျော်သီဟရဲကျော်၊ ကိုစိုးလှနိုင်နဲ့ ကိုရဲရင့်အောင် တို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က မန္တလေးဈေးချိုးအနီးမှာ ဆန္ဒပြခဲ့အပေါ်အမိန့်ချမှတ်ခံရတာပါ။

အဲဒီဆောင်ရွက်ချက်အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ လည်းတရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် ၁ နှစ်ချမှတ်ထားပြီးလည်း ဖြစ်ပါတယ်။

ပြည်တွင်းစစ် ရပ်စဲရေးနဲ့ တပ်မတော်ကို အလင်းဝင်ပါဆိုပြီး ဝေဖန်ရေးသားခဲ့မှုတွေကြောင့် ကျောင်းသား ၁၃ ယောက်တရားစွဲဆိုထားပြီး အဲ့ဒီအထဲက ၉ ယောက်က ဖမ်းဆီးခံထားရပြီး ၄ ယောက်ကတော့ ဝရမ်းပြေးအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒီကနေ့ အမိန့်ချမှတ်ခံခဲ့ရတဲ့ ကျောင်းသား သုံးဦးထဲက ကိုကျော်သီဟရဲကျော်နဲ့ ကိုစိုးလှနိုင်တို့ဟာ တရားရုံး သုံးခုက ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားပြီး သူတွေဖြစ်ပါတယ်။

ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသားတွေကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ် ၁၉၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (က)၊ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုခံထားကြရတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။