၀န်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ

ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေက ကျပ်သိန်းပေါင်း ထောင်ချီပြီး ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိထားကြောင်း မတ်လ ၈ ရက်ထုတ် The Voice Weekly သတင်း ဂျာနယ်က ရေးသားဖော်ပြလိုက်ပါတယ်။

2012.03.09
parliament-305.jpg လွှတ်တော်တက်နေသော လွှတ်တော်အမတ်များ ကို တွေ့ရစဉ်
Photo: RFA

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီကို ပေးပို့တဲ့ အစီအရင်ခံစာမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာဆည်မြောင်းနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန၊ အမှတ် ၁ နဲ့ ၂ စက်မှုဝန်ကြီးဌာနများရဲ့ ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေအကြောင်း ပါဝင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးက ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာ ရောင်းရငွေ ကျပ်သိန်းပေါင်း ၂ ထောင့် ၅ ရာကျော် ငွေစာရင်း မသွင်းဘဲ အလွဲသုံးစား လုပ်ခဲ့တာကို စစ်ဆေးတွေ့ရှိရပြီး ကျပ်သိန်း ၁ ထောင့် ၅ ရာကျော်သာ ပြန်ရခဲ့တယ်လို့ဆိုပါတယ်။

အမှတ် ၁ စက်မှုဝန်ကြီးဌာန အလွဲသုံးစားလုပ်မှုတွေမှာ မီးထိုးဆီ ဂါလံ ၂ သိန်းကို ချောက်ရေနံချက်စက်ရုံက ထုတ်ယူပြီး ပြင်ပလက်လွှဲရောင်းချခြင်း၊ မုံရွာကြေးနီစီမံကိန်း အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဒေါ်လာ သန်း ၁၀၀ နဲ့ ဦးပိုင်လီမိတက်ကို ရောင်းချရာမှာ ဦးပိုင်လိမိတက် ကုမ္ပဏီကပေးရမယ့်အစား နိုင်ငံခြားကုမ္ပဏီတစ်ခုက ပေးခဲ့ခြင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တွေ့ဆုံ မေးမြန်းပြီး ပြည်သူ့လွှတ်တော်ကို တင်ပြသွားဖို့ရှိတယ်လို့ လွှတ်တော် ငွေစာရင်းကော်မတီဝင် တစ်ဦးက ပြောကြားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-03-11 03:08

လုပ်လိုက်ကြပါဗျာ ပြည်သူ့ ဘဏ္ဏာငွေတွေကို အလွဲသုံးစား စားချင်တိုင်းစားထားကြတာ ထိထိရောက်ရောက်လေးပေါ့

Anonymous
2012-03-09 01:32

ကြာတော့လည်း ကြာပါပြီ။
အခုမှဖော်ပြတော့လည်း တိုင်းသိပြည်သိ ဖြစ်ရတာပေါ့။
မဟုတ်ဘူးလား။

Anonymous
2012-03-15 22:17

ဒါသူတို့ပုံမှန်အလုပ်ပဲလေ...... ဘာအထူးအဆန်းလုပ်နေတာလဲ ..... ဒါသတင်းမဟုတ်ဘူး..

Anonymous
2012-03-15 22:09

ဒါဆိုလည်းပြောပြီနော် .........
ပြည်သူနဲ့အစိုးရကြားမှာ မကွယ်မ၀ှက်ကြေးလေ ...... လုပ်ပြီးရင်လည်းပြောကြပေါ့ ........ အရင်လည်း ... ဒီတိုင်းပဲ ဟာပဲဟာကို ဟာကို.... ထူးဆန်းနေကြလားဗျို့....

Anonymous
2012-03-09 09:46

A Hee!!!!!!!!!!!!! There You Are.It is not the first time, they get used to from the former government.

Anonymous
2012-03-09 17:32

ဆက်သွယ်ရေး ကိုစစ် လိုက် ရင် ပိုဆိုးတာ တွေ့ ရပါလိမ့်မယ်
15 သိန်း 5 သိန်းဖုန်းေ၇ာင်းထားတဲ့ ပိုက် ဆံ ပြန်ကြားရေးလို ဘဏ်စာ ရင်းလိမ်ထားမှာ ပါ

Anonymous
2012-03-15 22:24

အခုလို သိခွင့်ရတဲ့အတွက် မြန်မာ့မီဒီယာကဏ္ဍကို လေးစားမိပါတယ် ....... တစ်ကယ်ပါဗျာ