မြန်မာနဲ့ လာအို နယ်စပ်မြေပုံ သဘောတူ

မြန်မာ နဲ့ လာအို နှစ်နိုင်ငံကြား ၁၂ ကြိမ်မြောက် ရေးဆွဲခဲ့တဲ့ နယ်စပ်မြေပုံကို သဘော တူညီခဲ့ကြပါတယ်။

မြန်မာ-လာအို နယ်နိမိတ် မြေပုံအမှတ် (၁၂)အား အတည်ပြုလက်မှတ်ရေးထိုးခဲ့စဉ် Photo: Ministry of Foreign Affairs Myanmar - facebook

မြန်မာ နဲ့ လာအို နှစ်နိုင်ငံကြား ၁၂ ကြိမ်မြောက် ရေးဆွဲခဲ့တဲ့ နယ်စပ်မြေပုံကို သဘောတူညီခဲ့ကြပါတယ်။

၁၉၉၄ ခုနှစ် ဇွန် ၁၁ ရက်နေ့က အတည်ပြုခဲ့တဲ့ နှစ်နိုင်ငံ နယ်စပ်မြေပုံရဲ့ နောက်ဆက်တွဲအဖြစ် အသုံးပြုမှာ ဖြစ်ပါတယ်။

အခု အတည်ပြုလိုက်တဲ့ နောက်ဆက်တွဲမြေပုံကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေက လာအို မြောက်ပိုင်း လွမ်ဖရာဘန် ပြည်နယ်မှာ မြန်မာ နဲ့ လာအို နယ်စပ်အာဏာပိုင် ဗဟိုအဆင့် ၁၃ ကြိမ်မြောက် ဆွေးနွေးပွဲမှာ အတည်ပြုခဲ့တာဖြစ်ကြောင်း ဗိုင်ယက်တိုင်း တိုင်း သတင်းစာက ဖေါ်ပြပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ လာအို ဒု နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့အဖွဲ့နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့အဖွဲ့တို့ တက်ရောက်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org