နိုင်ငံတော်အကြီးအကဲတွေ လာအိုနိုင်ငံကို နေ့ချင်းပြန် သွားရောက်
2016.05.06

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက် တာဖေမြင့် တို့ဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN အလှည့်ကျ ဥက္ကဌ တာဝန်ယူထားတဲ့ လာအိုနိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒီကနေ့မနက်ပိုင်း နေပြည်တော်က ထွက်ခွာသွားပြီး ညနေမှာ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံ ဆက်ဆံရေးကို အလေးထားကြောင်း ပြသလိုတာကြောင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က လာအိုနိုင်ငံကို ပထမဆုံးချစ်ကြည်ရေး ခရီးသွားရောက်တာဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ဦးမြင့်ဆွေတို့က နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ ပို့ဆောင်ခဲ့ပါတယ်။