ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး မသေချာသေး
2010.10.01

(Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမပေးနဲ့ လွှတ်မယ်ဆိုရင်လည်း ဘယ်တော့ လွှတ်ပေးမယ် ဆိုတာကို စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တဦးတည်းသာ သိမှာဖြစ်ကြောင်း အဲဒီ စစ်အစိုးရ အရာရှိနှစ်ဦးက အေပီသတင်းဌာနကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ ပြောဖို့ စောလွန်းနေသေးကြောင်းလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီအတောအတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လာအိုနိုင်ငံကို ဒီကနေ့ အောက်တိုဘာ ၁ ရက်မှာ ရောက်ရှိသွားပြီး မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့အကြောင်းတွေ လာအိုအစိုးရကို ရှင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ လာအိုအစိုးရ ပြောရေးဆိုခွင့်ရှိသူရဲ့ အဆိုအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဒီကနေ့ လာအိုသမတနဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှွတ်ပေးမပေး ဆိုတာကိုတော့ ထည့်သွင်းပြောဆိုတာ မရှိဘူးလို့ သိရပါတယ်။