မိုးထိမိုးမိ မိသားစု ၁၆ ဦး ဖမ်းဆီးခံနေရဆဲ


2014.03.07
gold-mine-strike-b305 ရွှေမြင်တင် ဘုရားတောင်ခြေတွင် လုံခြုံရေးများ၏ ပိတ်ဆို့တားဆီးခံနေရသော မိုးထိ မိုးမိ ရွှေတွင်းလုပ်သားများ
RFA

မတ်လ ၄ ရက်နေ့က ရွှေမြင်တင်ဘုရားစောင်းတန်း ကနေ အဖမ်းခံလိုက်ရတဲ့ ရမည်းသင်းခရိုင် မိုးထိမိုးမိရွှေလုပ်သားနဲ့မိသားစုဝင်အယောက် ၄၀ ကျော်မှာ ၁၆ ယောက်က ရမည်းသင်းထောင်မှာ ကျန်ရှိနေသေးပြီး၊ ကျန်တဲ့သူတွေကိုတော့ လူကြီး တစ်ယောက် ၅ သိန်း၊ ကလေးတစ်ယောက် ၅ သောင်းနှုန်း ကုမ္ပဏီကပေးပြီး သူတို့ဇာတိဒေသတွေ ဆီ အာဏာပိုင်တွေက ပြန်ပို့လိုက်တယ်လို့သိရပါတယ်။

မိုးထိမိုးမိရွှေနယ်မြေမှာ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက မောင်းထုတ်လို့ မူလလုပ်ကိုင် စားသောက်နေသူတွေ နေထိုင်လုပ်ကိုင် ခွင့်ပျောက်ပြီး တောင်ခြေက ရွှေမြင်တင် ဘုရားစောင်းတန်းမှာ ၄ လကျော် ခိုလှုံနေခဲ့ရာမှာ ကလေး၊ လူကြီး၊ အမျိုးသမီးအယောက် ၄၀ ကျော်ကို အာဏာပိုင်တွေက ဖမ်းပြီး ရမည်းသင်းထောင်ကို ပို့ထားတဲ့ကိစ္စဖြစ်ပါတယ်။

ရမည်းသင်းထောင်ထဲမှာ ကျန်နေသေးတဲ့သူတွေအတွက်ကိုလည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ရန်ကုန်ပြည်သူ့အကျိုးတော်ဆောင်ကွန်ရက်နဲ့ လူမှုရေးနိုင်ငံရေးဆောင်ရွက်ပေးတဲ့ ရှေ့နေတွေက ဆက်လက်ကူညီကြမယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်ပြည်သူ့အကျိုးတော်ဆောင်ကွန်ရက် တာဝန်ခံ ကိုဝေဠုကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။