မွန်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွား သူ ၈၅ဝ ဦး ရှိနေ
2017.06.26

မွန်ပြည်နယ်မှာ နှစ်လအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၈၅ဝ ဦးရှိနေပြီး ပြီးခဲ့တဲ့ ၂၀၁၆ တစ်နှစ်လုံး ထက် ဖြစ်ပွားသူဦးရေ ပိုများနေတယ်လို့ သိရပါတယ်။
မော်လမြိုင်မှာ ဖြစ်ပွားသူအများဆုံးဖြစ်နေတယ်လို့ မွန်ပြည်နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေး မှူး ဒေါက်တာစည်သူရဲနောင်က ပြောပါတယ်။
မော်လမြိုင်မှာ ၂၃၉ယောက်၊ ချောင်းဆုံမှာ ၁၅၅ ယောက်၊ မုဒုံမှာ ၁၃၅ယောက်၊ ပေါင်မှာ ၁၁၃ယောက်၊ ကျိုက် မရောမှာ ၁၀၄ယောက်၊ သံဖြူဇရပ်မှာ ၃၉ယောက်၊ ရေးမှာ ၃၄ယောက်၊ သထုံမှာ ၂၇ ယောက်နဲ့ဘီးလင်းမှာ ၆ ဦးဖြစ်ပွားနေပြီး ကျိုက်ထိုတစ်မြို့တည်းမှာသာ ဖြစ်ပွားမှုမရှိသေးတာ ဖြစ်တယ်လို့ သိရပါတယ်။
ရောဂါဖြစ်ပွားသူတွေနေထိုင်တဲ့ ရပ်ကွက်တွေ ကျေးရွာတွေကို ဆေးဖြန်းတာတွေ ပြုလုပ်ပေးနေတယ် လို့ သိရပါ တယ်။
မွန်ပြည်နယ်မှာ ၂၀၁၁ ခုနှစ်က သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၃ထောင်ကျော်ရှိပြီး ၅ဝကျော် သေဆုံးခဲ့ပါတယ်။ ၂ဝ၁၃ခုနှစ်မှာတော့ ၃ထောင်ကျော်ဖြစ်ပွားပြီး ၂ဦးသေဆုံးကာ ၂ဝ၁၅ခုနှစ်မှာ ၅ထောင်ကျော်ဖြစ်ပွားပြီး ၈ဦးသေ ဆုံးခဲ့တယ်လို့ ဒေါက်တာစည်သူရဲနောင်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် တစ်နှစ်လုံးမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၆ဝဝကျော် ရှိခဲ့ပါတယ်။