AK ဆောက်လုပ်ရေးကုမ္ပဏီကို မွန်ဝန်ကြီးချုပ် သတိပေး


2017.08.21
dr-ayezan-622.jpg မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကို သြဂုတ်လ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

မွန်ပြည်နယ် မော်လမြိုင်-သံဖြူဇရပ်လမ်းပိုင်းမှာ လမ်းအသုံးပြုခကောက်ခံနေတဲ့  AK ဆောက်လုပ်ရေးကုမ္ပဏီဟာ လမ်းတွေဆိုးရွားစွာ ပျက်စီးနေပေမယ့် တာဝန်ယူပြုပြင်ပေးခြင်း မရှိတာကြောင့် ပြင်းထန်စွာ သတိပေးထားတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောပါတယ်။

လက်ရှိ လမ်းတွေပျက်စီးနေတာကို မပြုပြင်တာနဲ့ပတ်သက်ပြီး AK ကုမ္ပဏီအနေနဲ့ တာဝန်မယူနိုင်ရင် လမ်းတွေပြန် အပ်ဖို့ ပြင်းထန်စွာသတိပေးထားတယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောပါတယ်။

"သေသေချာချာ မလုပ်နိုင်ဘူးဆိုရင် ပြန်အပ်ပါ၊ လုပ်မယ်ဆိုရင်လည်း ထိထိရောက်ရောက်လုပ်ပါ၊ ကျနော်က AK ကို အခု နည်းနည်းသတိပေးထားတာ မဟုတ်ဘူး၊ ပြင်းပြင်းထန်ထန်ကို သတိပေးထားတာ"

ပြီးခဲ့တဲ့သြဂုတ်လ ၁၈ရက်နေ့က ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ AK ကုမ္ပဏီနဲ့ပတ်သက်ပြီး အကြောင်းကြားစာပို့ထားတာဖြစ်တယ်လို့ သိရပါတယ်။

AK ကုမ္ပဏီဟာ မော်လမြိုင်မြို့ကနေ သံဖြူဇရပ်မြို့အထိ ၃၇ မိုင်ရှည်လျားတဲ့ လမ်းပိုင်းကို ၂၀၁၁ ခုနှစ်ကတည်းက နှစ် ၄၀စာချုပ်နဲ့ လမ်းအဆင့်မြှင့်တင်ပြုပြင်ကာ လမ်းအသုံးပြုခ ကောက်ခံဖို့ သဘောတူစာချုပ်ချုပ်ဆိုခဲ့တာဖြစ် ပါတယ်။

အဲဒီကုမ္ပဏီဟာ လမ်းကြေးစတင်ကောက်ခံကတည်းက လမ်းပြုပြင်တာတွေ ထိထိရောက်ရောက် လုပ်ဆောင်တာ မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

လက်ရှိအချိန်မှာ လမ်းပိုင်းပျက်စီးမှုများနေတဲ့အတွက် ဒေသခံတွေ ခရီးသွားတွေအတွက် အခက်အခဲဖြစ်နေသလို မကြာခဏ ဆိုင်ကယ်မှောက်တာတွေလည်း ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လမ်းပြုပြင်မှုမရှိဘူးဆိုတဲ့ ဒေသခံတွေရဲ့ တိုင်တန်းချက်တွေကြောင့် လွှတ်တော်ဘက်ကလည်း စုံစမ်းစစ်ဆေး တာတွေပြုလုပ်သွားမယ်လို့ မွန်ပြည်နယ်လွှတ်တော် ဘဏ္ဍာရေးနဲ့ စီမံကိန်း စီးပွားရေးဆိုင်ရာ ကိစ္စရပ်များလေ့လာ သုံးသပ်ရေး ကေ်ာမတီဥက္ကဌ ဦးအောင်ကျော်သူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။