မွန်အမျိုးသားညီလာခံ တက်ရောက်ဖို့ မွန်နှစ်ပါတီကို ဖိတ်မည်


2017.10.08
mon-conference-622.jpg မွန်အမျိုးသားညီလာခံ ဖြစ်မြောက်ရေးအတွက် အောက်တိုဘာလ ၈ ရက်နေ့က တေ့ွဆုံဆွေးနွေးကြစဉ်
Photo: Kyaw Lwin Oo/RFA

မွန်တစ်ပါတီတည်းဖြစ်ရေး ဆွေးနွေးကြမယ့် မွန်အမျိုးသားညီလာခံကို လာမယ့် ၂၀၁၈ ဇန်နဝါရီလမှာ ကျင်းပ မှာဖြစ်ပြီး မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာပါတီတို့ကို တက်ရောက်ဖို့ ဖိတ်ခေါ်သွားမယ်လို့ မွန်ညီညွတ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး နိုင်စိုးအောင်က ပြောပါတယ်။

မွန်ညီလာခံတက်ရောက်ဖို့ မွန်နှစ်ပါတီက ခေါင်းဆောင်တွေနဲ့တွေဆုံကာ ဖိတ်သွားမယ်လို့ မွန်ညီညွှတ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး နိုင်စိုးအောင်က ပြောပါတယ်။

"အရင်ဦးဆုံး နိုင်ငံရေးပါတီအဖွဲ့အစည်းက တာဝန်ရှိတဲ့လူကြီးတွေနဲ့ တွေ့နိုင်အောင် ကျနော်တို့ အရင်ကြိုးစား မှာပေါ့နော်၊ သူတို့ဆီကို ကျနော်တို့ စာတွေပို့မယ်၊ ပြီးတော့ တွေ့ခွင့်တောင်းမယ်၊ ကျနော်တို့ရဲ့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းစဉ်အခြေအနေကို ရှင်းပြမယ်၊ နောက်ပြီးတော့ သူတို့ဘက်က လိုလားချက်တွေကိုလည်း ကျနော်တို့ နားထောင်မယ်၊ အဲဒီအပါ်မှာ ကျနော်တို့ နားလည်မှုယူပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်အောင်တော့ ကြိုးစားကြရမှာပဲ"

မွန်ညီညွတ်ရေးအဖွဲ့၊ မွန်လူငယ်ဖိုရမ်၊ ရာမညအင်အားစု၊ မွန်အမျိုးသားရေးလိုလားသူများအဖွဲ့ စတဲ့အဖွဲ့ ၄ဖွဲ့က မွန်ညီလာခံဖြစ်မြောက်ရေးအတွက် ဒီနေ့ တေ့ွဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီညီလာခံဖြစ်မြောက်ရေးအတွက် မွန်ညီညွှတ်ရေးအဖွဲ့နဲ့အတူ မွန်လူငယ်ဖိုရမ် MYF နဲ့ ပေါင်းစည်းရေးလိုလား တဲ့ ရာမညအင်အားစုအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားပြီး မွန်အမျိုးသားအကျိုးဆောင်ရွက်တဲ့အဖွဲ့ အပါအဝင် ပြည်ပရောက်မွန်တွေ၊ တခြားမွန်အဖွဲ့အစည်းတွေကိုပါ ပါဝင်နိုင်အောင် ဖိတ်ခေါ်သွားမယ်လို့ သိရပါတယ်။

မွန်ပါတီ၂ ခု ပေါင်းစည်းရေးကို ဆောင်ရွက်နေတဲ့ မွန်ညီညွှတ်ရေးအဖွဲ့ကနေ မွန်ပြည်သစ်ပါတီက နှုတ်ထွက် သွားပေမယ့် လာမယ့် မွန်ညီလာခံမှာ တက်ရောက်ပေးဖို့ ဖိတ်ကြားသွားဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။