သတင်းထောက် ကိုမြတ်ကျော်သူ Kate Webb ဆု ချီးမြှင့်ခံရ


2017.12.19
mrattkyawthu-622.jpg သတင်းထောက် ကိုမြတ်ကျော်သူကို တွေ့ရစဉ်
Photo: Mratt Kyaw Thu's facebook

မြန်မာသတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုမြတ်ကျော်သူကို မြန်မာနိုင်ငံတွင်း တိုင်းရင်းသား ပဋိပက္ခများနဲ့ ပတ်သက်တဲ့ သတင်းတင်ပြချက်ကြောင့် Kate Webb ဆုကို ချီးမြှင့်လိုက်တယ်လို့ ပြင်သစ်နိုင်ငံ အခြေစိုက် AFP သတင်းဌာနက အင်္ဂါနေ့က ကြေညာပါတယ်။

ဒီဆုဟာ ၂၀၀၇ ခုနှစ်က အသက် ၆၄နှစ်အရွယ်မှာ သေဆုံးသွားတဲ့ AFP ဌာနက သတင်းထောက် Kate Webb အထိမ်းအမှတ်အဖြစ်နဲ့ ခက်ခက်ခဲခဲ သတင်းရယူတင်ပြသူ သတင်းသမားတွေကို ချီးမြှင့်တဲ့ဆုဖြစ်ပါ တယ်။ မြတ်ကျော်သူဟာ ၂၀၁၆ ခုနှစ်အတွင်း ရခိုင်နဲ့ ရှမ်းပြည်နယ်အတွင်းက တိုင်းရင်းသားနဲ့ ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေအကြောင်း အခန်းဆက်ဆောင်းပါးတွေကို အပတ်စဉ် အင်္ဂလိပ်လိုထုတ်ဝေတဲ့ Frontier Myanmar မဂ္ဂဇင်းမှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ခုလိုမြန်မာသတင်းထောက်တစ်ဦး Kate Webb ဆုချီးမြှင့်ခံရတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ဆုငွေအဖြစ်နဲ့ ယူရို၃၀၀၀ အမေရိကန်ဒေါ်လာ ၃၅၀၀လည်း ချီးမြှင့်မှာဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကို ရန်ကုန်မြို့မှာ ၂၀၁၈ခု ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးနေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။