မွတ်စလင် ၁၀၀ ကျော်ကို အငူမော်ကမ်းခြေမှာ တေ့ွရှိ


2018.06.11
rakhine-boat-muslims-622 ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေသို့ ၂ဝ၁၈ ဇွန်လ ၁ဝ ရက်နေ့ညက စက်လှေပျက်ပြီးရောက်ရှိလာသည့် မွတ်စလင်တရာကျော်ကို တွေ့ရစဉ်။
RFA

မနေ့ညက လှိုင်းလေကြမ်းပြီး ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ကမ်းခြေမှာ စက်လှေနဲ့ ကမ်းခြေပေါ်ကပ်လာတဲ့ မွတ်စလင် ၁၀၀ ကျော်ကို ဒေသ အာဏာပိုင်တွေက ဒီနေ့မနက်မှာ ထိန်းသိမ်းထားပါတယ်။

အဲဒီအထဲမှာပါတဲ့ မွတ်စလင်တချို့က သူတို့ဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကနေ မလေးရှားနိုင်ငံကို သွားရောက်ဖို့ ထွက်လာတာဖြစ်တဲ့အကြောင်း ပြောကြတယ်လို့ မွတ်စလင်တွေကို စတင်တွေ့ရှိရတဲ့ အောင်ဗလကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး ဦးမောင်သန်းမြ က ပြောပါတယ်။

"အောင်ဗလနဲ့ ဆင်ပိုက်ကြားမှာ ဘင်္ဂါလီအယောက် ၁၀၀ လောက်တွေ့ပါတယ်၊ တချို့က မလေးရှားကို သွားတယ်လို့ပြောပါတယ်၊ ယောကျ်ားက ၃၄ ယောက်ပါ၊ အမျိုးသမီးက ၅၆ ယောက်ပါ၊ ကလေးက ၁၁ ယောက်ပါ"

အဲဒီအထဲမှာ ရခိုင်စကားကို နားလည်တဲ့ မွတ်စလင် ၂ ဦးလောက်ပါဝင်ပြီး အသေးစိပ် အခြေအနေတွေကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေတယ်လု့ိလည်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အဲဒီမွတ်စလင် ၁၀၀ ကျော်ထဲမှာ အမျိုးသမီး အရေအတွက်က အများဆုံးဖြစ်ပြီး ကလေးငယ် ၁၁ ယောက်ထဲမှာ အသက် ၂ နှစ်နဲ့ ၃ နှစ်အရွယ် ကလေးငယ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီစက်လှေဟာ မနေ့ညက ပင်လယ်ပြင်မှာ လှိုင်းလေကြမ်းတာကြောင့် ဝမ်းဗိုက်ပေါက်ပြီး အငူမော်ကမ်းခြေပေါ် ကပ်လာတာဖြစ်သလို အုပ်စုလိုက် ကုန်းပေါ်ကို လမ်းလျှောက်ပြီး တက်လာရာမှာ ဆင်ပိုက်ကျေးရွာအနီးမှာ ဒေသခံတွေက စတင် တွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ သူတို့အားလုံးကို မောင်တောမြို့နယ်ကို ပို့ဆောင်လိုက်ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။