မလေးရှားက မြန်မာလူသတ် မှုများ ဖော်ထုတ်နိုင်တော့မည်


2014.12.09
malaysia-305 ကွာလာလမ်ပူ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးမျိုးပိုင် (အင်္ကျ ီအဖြူ လက်ရှည်နဲ့လူ)ကို သူ့အရင်သေဆုံးသွားတဲ့ ဦးတိုနီရဲ့ နာရေးမှာ တွေ့ရစဉ်
Photo: Sakhunna Ung

မလေးရှားနိုင်ငံ၊ ပီနန်မြို့မှာ နောက်ဆုံးဖြစ်ပွားခဲ့ တဲ့ မြန်မာတစ်ဦးအသတ်ခံရတဲ့အမှုဟာ မကြာခင်က ဖမ်းဆီးမိ ခဲ့တဲ့ ၁၇ ဦးပါဂိုဏ်းနဲ့ ပတ်သက်နေတယ်လို့ ယုံကြည်ရကြောင်း မလေးရှားရဲတပ်ဖွဲ့ကပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ပီနန်မြို့၊ မက်ထရိုပိုလီတန် ပန်းခြံထဲက ဘုရားကျောင်းတစ်ကျောင်းအနီးမှာ အသတ်ခံ ထားရတဲ့ မြန်မာနိုင်ငံသားလို့ယူဆရသူ အသက ်၃ဝ ဝန်းကျင်အမျိုးသားတစ်ဦးရဲ့အလောင်း ကို တွေ့ရှိခဲ့ရပါတယ်။

စုံစမ်းစစ်ဆေးချက်တွေအရ အဲ့ဒီလူသတ်မှုဟာလည်း အရင်တွေ့ရှိခဲ့ရတဲ့ အမှု ၁၈ မှုလိုပဲ လက်စားချေ သတ်ဖြတ်တဲ့အမှုဖြစ်တယ်လို့ယုံကြည်ရကြောင်း၊ ဆက်လက် စုံစမ်းသွားမှာဖြစ်ကြောင်း ပီနန်ရဲချုပ်က သတင်းထောက်တွေကိုပြောပါတယ်။

ပီနန်မြို့မှာ ပြီးခဲ့တဲ့ ဧပြီလကစပြီး ဖြစ်ပွားခဲ့ တဲ့ မြန်မာနိုင်ငံသားတွေ အသတ်ခံရမှု ၁၈ မှုထဲက လူသတ်မှု ၁၃ ခုကို ကျူးလွန်ခဲ့ကြတယ်လို့ယူဆရ တဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို မလေးရှားရဲ့ ပြီးခဲ့တဲ့သီတင်းပတ်က ဖမ်းဆီးမိခဲ့ပါတယ်။ အဲ့ဒီထဲမှာ ဒီလူသတ်မှုတွေကို ကြိုးကိုင်စီစဉ်သူလို့ ယူဆရသူတစ်ဦးပါဝင်တယ်လို့လည်း ယူဆထားပါတယ်။

စုံစမ်းတွေ့ရှိချက်တွေအရ အဲ့ဒီလူသတ်မှုတွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ယုံကြည်ရကြောင်း၊ အတည်ပြုနိုင်အောင် ဆက်လက်ဆောင်ရွက်နေ ကြောင်းလည်း မလေးရှားရဲတပ်ဖွဲ့ ဒုတိယစစ်ဆေးရေးမှူးချုပ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။