အင်အားပြင်း ငလျင်လှုပ်ခတ်
2016.04.13

မြန်မာနိုင်ငံမှာ မနေ့က အင်အား ၆.၉ အဆင့်ရှိ အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားခဲ့မှုကြောင့် မြန် မာနိုင်ငံတဝှမ်းနဲ့ အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါနိုင်ငံအထိ တုန်ခါမှုရှိခဲ့တယ်လို့ USGS အမေရိကန် ဘူမိတိုင်းထွာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
မုံရွာမြို့ရဲ့ မြောက်နဲ့ အနောက်မြောက်ဘက် ၆၂ မိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်သွားတာဖြစ်ပြီး ကြီးမားတဲ့ ထိခိုက်ပျက်စီးမှု ရှိ မရှိ၊ လူထိခိုက်သေဆုံးမှုရှိ မရှိ လောလောဆယ် မသိရသေးပါဘူး။
ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်နဲ့ အရှေ့မြောက်ဒေသက မြို့တစ်မြို့မှာတော့ လူ ၅၀ လောက် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ပုဂံမှာလည်း ငလျင်လှုပ်နေစဉ် ကမ္ဘလှည့်ခရီးသွားဧည့်သည်တွေ ဟိုတယ်ခန်းတွေထဲကနေ အပြင်ဘက်ကို ထွက်ပြေးခဲ့ကြတာရှိပေမယ့် အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒီငလျင်ကြောင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက ဒေသတချို့မှာ လျှပ်စစ်ဓါတ်အား ပျက်တောက်သွားခဲ့သလို နီပေါနိုင်ငံ အရှေ့ဘက်မှာလည်း လှုပ်ခတ်မှုကို သိလိုက်ရတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ကလေးမြို့က ပြန်/ဆက်ဌာန ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဦးဒိုင်ကျင်းပေါင် ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။