ဂျာကာတာ မြန်မာသံရုံး မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခံရ


2017.09.03
indonesia-embassy-622.jpg အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ လုံခြုံရေးယူထားသည်ကို တွေ့ရစဉ်
Photo: AFP

အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးဟာ ပေါက်ကွဲစေတဲ့ မီးလောင်ဗုံးနဲ့  ဒီကနေ့ တိုက်ခိုက်ခံ ရကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ကို ကိုးကားပြီး ရိုက်တာသတင်း တပုဒ်မှာ ဖေါ်ပြပါတယ်။

ဂျာကာတာ ရဲတပ်ဖွဲ့အဆိုအရ မြန်မာသံရုံး နောက်ဖေးလမ်းကြားဖက်မှာ ကင်းလှည့်နေတဲ့ ရဲတဦးက သံရုံးရဲ့  ဒုတိယထပ်မှာ မီးလောင်နေတာ မြင်တွေ့ရတဲ့ အတွက် အရှေ့ဖက်မျက်နှာစာမှာ တာဝန်ယူ နေတဲ့ လုံခြုံရေးကို အကြောင်းကြားပြီး ဂျာကာတာ ရဲတပ်ဖွဲ့ကို ထပ်ဆင့် အကြောင်းကြားတာလို့ ဆိုပါတယ်။

မီးငြိမ်းသွားလို့ စစ်ဆေးကြည့်ရာမှာ ပုလင်းကွဲစတွေထဲမှာ မီးလောင်စေတဲ့ အဝတ်စလိုမျိုးကို တွေ့ရှိခဲ့တယ်လို့ သိရပြီး အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဆက်လက် စစ်ဆေးနေတယ်လို့ ရေးသားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းရာမှာ ပြောရေးဆိုခွင့်ရှိသူက ဖုန်းကိုင်ခြင်းမရှိတဲ့အတွက် အစိုးရဖက်က အတည်ပြုချက်မရရှိပါဘူး။

မနေ့က စနေနေ့ကလည်း လူတစုဟာ မြန်မာ့ခေါင်းဆောင် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်ပြုချီးမြင့်ထားတဲ့ ဆုကို ပြန်ရုပ်သိမ်းပေး ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို မြန်မာသံရုံးရှေ့မှာ ကျင်းပခဲ့တယ်လို့ အင်ဒိုနီးရှားအစိုးရ သတင်းဌာန အန်တာဝါက ရေးသားကြောင်း ရိုက်တာ သတင်းဌာန မှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။