တစ်နိုင်ငံလုံး ရေဘေးကြောင့် သေ သူ ၉၉ ဦး၊ လူတစ်သန်းခန့် ဒုက္ခတွေ့
2015.08.10

ပြီးခဲ့တဲ့ ဇွန်လကစပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုတို့မှာ ရေကြီးရေလျှံမှုကြောင့် လူတစ်သန်းလောက် ရေဘေး ဒဏ်ခံခဲ့ရပြီး သေဆုံးသူ ၉၉ ဦး ရှိတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
သေဆုံးမှုအများဆုံးဟာ ရခိုင်ပြည်နယ်မှာဖြစ်ပြီး ၅၆ ဦးရှိတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ပြောပါတယ်။
တစ်နိုင်ငံလုံးက ရေဘေးဒဏ်ခံရတဲ့ မြို့နယ်တွေမှာ လယ်ယာမြေ ဧကလေးသိန်းကျော် ပျက်စီးဆုံးရှုံးသွားပြီး ရခိုင်ပြည်နယ်တစ်ခုတည်းတင် လယ်ယာမြေဧက နှစ်သိန်းကျော် ပျက်စီးသွားပါတယ်။
စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ ရန်ကုန်၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်၊ မွန် စတဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ် ၁၂ ခုမှာရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရပါတယ်။
ညွှန်ကြားရေးမှူး ဦးဝင်းရွှေကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ က ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါတယ်။