အင်ဒိုနီးရှား စစ်ဘက်အရပ်ဘက် ဆက်ဆံရေး မြန်မာကိုယ်စားလှယ် အဖွဲ့ လေ့လာ


2016.04.20
snld-sainyuntlwin-620.JPG SNLD အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကို အောက်တိုဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo:Thiha Tun/RFA

အင်ဒိုနီးရှားနိုင်ငံက စစ်ဘက်အရပ်ဘက် ဆက်ဆံရေးနဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်မှု လုပ်ငန်းစဉ်များမှာ မြန်မာနိုင်ငံ အနေနဲ့ သင်ခန်းစာယူစရာတွေ အများကြီးရှိတယ်လို့ လေ့လာရေးအဖွဲ့ဝင် SNLD ပါတီက ဦးစိုင်းညွှန့်လွင် က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ရောက်ရှိနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့မှာ တပ်မတော်က အငြိမ်းစား ဗိုလ်ချုပ် ကြီး ၃ဦး၊ NLD ပါတီက ဦးထွန်းထွန်းဟိန်၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဦးနိုင်ငံလင်း အပါအဝင် ၅ဦးနဲ့  ကြံ့ခိုင်ဖွံဖြိုးရေး ပါတီနဲ့ တိုင်းရင်းသားပါတီများအပြင် မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေ ပါဝင်ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီလ ၁၈ရက်နေ့ကနေ ဒီကနေညနေပိုင်းအထိ အင်ဒိုနီးရှားမှာ ပြုပြင်ပြောင်း လဲရေး ဆောင်ရွက်သွားတဲ့ အင်ဒိုနီးရှားစစ်တပ် အငြိမ်းစားဗိုလ်ချုပ်ကြီးများနဲ့ ဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပါ တယ်။ ဆွေးနွေးပွဲမှာ တွေ့ရှိချက်တွေကို မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းညွန့်လွင်က ပြောပြပါတယ်။

"အဓိကထူးခြားချက်ကတော့ သူတို့ခေါင်းဆောင်တွေက စိတ်ကောင်း စေတနာကောင်းနဲ့ ဉာဏ်မြော်အမြင်ကြီး တဲ့အချက်ပါ၊ သူတို့က အဖွဲ့အစည်း နောက်လူမျိုး ဘာသာရေး အကုန်လုံးကို နိုင်ငံ့ချစ်စိတ် နိုင်ငံ့အတွက်ဆိုတဲ့ အခြေအနေတစ်ခုတည်းအပေါ်မှာပဲ တွက်လိုက်တဲ့အခါမှာ အောင်မြင်မှုရတာပေါ့"

အဖွဲ့ဟာ မနက်ဖြန်မှာ အာချေးပြည်နယ်ကို ဆက်လက်သွားရောက်မှာဖြစ်ပြီး အဲ့ဒီပြည်နယ်မှာ ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဧပြီလ ၂၅ရက်နေ့အထိ လေ့လာမှာဖြစ်ပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ဂျာကာတာမြို့မှာ ရောက်ရှိနေတဲ့ SNLD ပါတီက အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။