အာရှလုပ်ငန်းရှင် ၄ ပုံ ၁ ပုံ မြန်မာပြည် လာရောက်ဖို့ စီစဉ်
2015.04.02
ဒီနှစ်အတွင်း အာရှတိုက်က လုပ်ငန်းကုမ္ပဏီ လေးခုမှာ တစ်ခုဟာ မြန်မာနိုင်ငံမှာ လာရောက်တိုးချဲ့ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
UOB ခေါ် United Oversea Bank က တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံက ကုမ္ပဏီပေါင်း ၁ဝ၂၄ ခုကို လေ့လာစုံစမ်းပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
စကာၤပူ ကုမ္ပဏီစုစုပေါင်းရဲ့ ၂၁ ရာခိုင်နှုန်းက ၂ဝ၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လုပ်ငန်းတွေတိုးခဲ့ျမှာဖြစ် ပြီး၊ ဟောင်ကောင်က ၃၁ ရာခိုင်နှုန်း၊ ထိုင်းက ၂၈ ရာခိုင်နှုန်း၊ တရုတ်က ၂၆ ရာခိုင်နှုန်း၊ မလေးရှားက ၂၅ ရာခိုင်နှုန်း သွားရောက်ကြမယ်လို့ ဆိုပါတယ်။
အဲ့ဒီလုပ်ငန်းတွေထဲမှာ မော်တော်ယာဉ်၊ သတင်းဆက်သွယ်ရေး၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေ ပါဝင်ကြ ပါတယ်။
UOB ခေါ် United Oversea Bank ဟာ မြန်မာအစိုးရက လာရောက်လုပ်ကိုင်ခွင့်ပြုခဲ့တဲ့ နိုင်ငံခြားဘဏ် ၉ ခု ထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ဒီအတွင်း ကနေဒါနိုင်ငံက မြန်မာနိုင်ငံက တင်ပို့တဲ့ကုန်စည်တွေအပေါ် စည်းကြပ်ခွန် ပယ်ဖျက်ပေးမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံလူ့အခွင့်အရေး ချိုးဖေါက်ခံရတဲ့ အခြေအနေတွေကြောင့် ၁၉၉၇ ခုနှစ်မှာ ကနေဒါက မြန်မာနိုင်ငံရဲ့ GPT စည်းကြပ်ခွန်နဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးစာရင်းဝင် နိုင်ငံတွေအတွက် စည်းကြပ်ခွန် LDCT အဆင့်တွေကို အသိအမှတ်မပြုတော့ဘဲထားခဲ့ပါတယ်။
အခုအခါ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်လာတာကြောင့် အဲ့ဒီ စည်းကြပ်ခွန်အဆင့်တွေကို ပြန်လည်အသိအမှတ်ပြုလိုက်ပြီမို့၊ ကနေဒါရောက် မြန်မာ့ပို့ကုန်တွေ စည်းကြမ်းခွန် ကင်းလွတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။