၀န်ကြီးဌာနရဲ့ တုံ့ပြန်မှု မြန်မာမီဒီယာအဖွဲ့က ဝေဖန်ပြစ်တင်

သတင်းမီဒီယာတွေအပေါ် သတ္တုတွင်းဝန်ကြီးဌာနက တုံ့ပြန်တာဟာ ခြိမ်းခြောက်မှုပါတဲ့ လုပ်ဆောင်မှု လုပ်လာတာဖြစ်တယ်လို့ မြန်မာဂျာနယ်လစ် ကွန်ယက်အဖွဲ့က သဘောထား ထုတ်ပြန်လိုက်ပါတယ်။

2012.03.16
newspaper-voice-b305 The Voice Weekly ဂျာနယ် ထုတ်ဝေသူနှင့် သတင်းရေးသားသူကို ဥပဒေကြောင်းအရ အရေးယူမည်ဟု ၂၀၁၂ ခုနှစ် မတ်လ ၁၃ ရက်ထုတ် သတင်းစာတွင်ဖော်ပြထားပါသည်။
RFA

သတ္ထုတွင်းဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး မမှန်မကန် ရေးသားဖော်ပြတာပါဝင်တယ်ဆိုပြီး စာစောင်ထုတ်ဝေသူနဲ့ သတင်းရေးသားသူကို ဥပဒေကြောင်းအရ အရေးယူမယ်လို့ အစိုးရသတင်းစာတွေမှာ ဖော်ပြတာကို အခြေပြုပြီး မြန်မာဂျာနယ်လစ် ကွန်ယက်အဖွဲ့ဝင်တွေ မနေ့ညက တိုင်ပင်ကြပြီး သဘောထား ထုတ်ပြန်တာလို့ လူငယ်သတင်းသမား ကိုသူရမျိုးက ပြောပါတယ်။

ဝန်ကြီးဌာနတချို့ ကျပ်သိန်း-သောင်းချီ အလွဲသုံးစားလုပ်တယ်လို့ The Voice Weekly ဂျာနယ်က ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဌာနရဲ့ တုံ့ပြန်ချက်ကို အခြေပြုလို့ ရန်ကုန်အခြေစိုက် သတင်းသမား ၂၀၀ လောက် အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ မြန်မာဂျာနယ်လစ် ကွန်ယက်အဖွဲ့က ခုလို သဘောထားထုတ်ပြန်တာ ဖြစ်ပါတယ်။

ဒီမိုကရေစီ စံနှုန်းအတိုင်း သတင်းစာတွေနဲ့ သတင်းသမားတွေကို အစိုးရဝန်ကြီးဌာနတွေနဲ့ ဌာနဆိုင်ရာတွေအနေနဲ့ တရားစွဲဆိုတာမျိုးလို မခြိမ်းခြောက်ဖို့နဲ့ သတင်းထောက်တွေ လွတ်လပ်စွာ ရေးသားပိုင်ခွင့်ကို အသိမှတ်ပြုဖို့ တောင်းဆိုလိုက်ပါတယ်လို့ ထုတ်ပြန်ချက်မှာ နိဂုံးချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။