မုံးကိုးက MNDAA စခန်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်

2021.12.20
မုံးကိုးက MNDAA စခန်းကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက် ရှမ်းပြည်မြောက်ပိုင်းမှာ MNDAA ကိုးကန့်တပ်သားတစ်ဦးကို တွေ့ရစဉ်
Photo: The Kokang

ရှမ်းပြည်မြောက်ပိုင်း မုံးကိုးခရိုင် ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီတပ်နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်) တပ်ဖွဲ့တို့ ဒီဇင်ဘာ ၁၉ ရက် မနေ့က တစ်နေကုန် တိုက်ပွဲဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေလည်း တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်သတင်းဌာနက ဖော်ပြထား ပါတယ်။

ဒီဇင်ဘာ ၁၉ ရက် မနက် ၆ နာရီခန့်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက MNDAA ရဲ့ မန်ရန်စခန်းကို လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အင်အား ၅၀၀ ကျော်နဲ့ ၉ ကြိမ်တိုင်တိုင် ထိုးစစ်ဆင်တိုက်ခိုက်လာပေမယ့် စစ်ကောင်စီဘက်က ထိခိုက် ဒဏ်ရာရသူတွေနဲ့ သေဆုံးသူ ၇၀ ကျော်အထက်မှာရှိတယ်လို့ ဖော်ပြထားပါတယ်။

ဘယ်လောက်ထိခိုက်ဒဏ်ရာရတယ် သေဆုံးသူဘယ်လောက်ဆိုတဲ့ အရေအတွက်ကိုတော့ ဖော်ပြထားတာ မရှိသလို MNDAA ဘက်က ထိခိုက်ကျဆုံးသူတွေ ရှိ မရှိဆိုတာလည်း ဖော်ပြထားတာ မတွေ့ရပါဘူး။

စစ်ကောင်စီဘက်က ခုလိုကျဆုံးမှုတွေများလာလို့ လှိုင်ရှိန်တောင်တန်းနဲ့ မန်ရန်တပ်စခန်းကို တိုက်လေယာဉ် နဲ့ လေကြောင်းကနေ နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

မုံးကိုးတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

လက်ရှိအချိန်အထိလည်း မုံးကိုးဒေသဘက်မှာ နှစ်ဖက်စစ်ရေးတင်းမာမှုတွေ ရှိနေဆဲပဲလို့လည်း ဖော်ပြ ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။