စစ်ပြေးမူလတန်းကျောင်း တရုတ်အစိုးရ ဖျက်သိမ်း


2016.12.08
wa-school-620 ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ စာသင်ကျောင်းတစ်ခုကို တွေ့ရစဉ်
Photo: Kan Thar/RFA

မြန်မာနိုင်ငံနယ်စပ်အနီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်မှာ မြန်မာပြည် ကိုးကန့်ဒေသက ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ကလေးတွေအတွက် ဖွင့်ထားတဲ့ စေတနာ့ မူလတန်းကျောင်းတစ်ခုကို သက်ဆိုင်ရာတရုတ်အာဏာပိုင်တွေက ဥပဒေနဲ့ မကိုက်ညီတဲ့အတွက် ဖျက်သိမ်းလိုက်တယ်လို့ Global Times သတင်းစာက ကြာသပတေးနေ့မှာ ဖေါ်ပြလိုက်ပါတယ်။

အဲဒီကျောင်းကို ပြီးခဲ့တဲ့ မတ်လက ဖွင့်ခဲ့တာဖြစ်ပြီး စေတနာ့ဝန်ထမ်း တရုတ်ကျောင်းဆရာ ၅ ဦးက ကလေး ၁၈ဝ ကျော်ကို သင်ကြားပေးနေတာဖြစ်ပါတယ်။ အလားတူ တခြား စေတနာမူလတန်းကျောင်း ၄ ခုကိုလည်း ပိတ်ပစ်မယ်လို့ တရုတ်အာဏာပိုင်တွေက အသိပေးထားကြောင်း ဂေါင်လွန်းဖန် ဆိုတဲ့ စေတနာ့ဝန်ထမ်း တရုတ်ကျောင်းဆရာက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။