ကိုရိုနာဗိုင်းရပ်စ်ကြောင့် သင်္ဘောသားများ အိမ်မပြန်နိုင်
စောဖိုးခွား
2020.05.12
2020.05.12
အခုကိုရိုနာဗိုင်းရပ်စ်ကာလမှာ နိုင်ငံဝင်ပေါက် ထွက်ပေါက်တွေ လေဆိပ်တွေပိတ်ထားကြောင့် နိုင်ငံတကာကသင်္ဘောသားတွေ သင်္ဘောတစ်စီးနဲ့တစ်စီးကူးပြောင်းရေးအတွက် အတော်လေးအခက်ကြုံနေရပါတယ်။
လက်ရှိလေကြောင်းလိုင်းတွေ ပိတ်ထားကြောင့် ကိုသူရိန်လင်းဟာ အိမ်ပြန်မရဘဲ သူအလုပ်လုပ်တဲ့ သင်္ဘောပေါ်မှာ ပိတ်မိနေတာပါ။ အိမ်ပြန်ချင်တဲ့အကြောင်း တရုတ်နိုင်ငံ ရှန်ဟိုင်းဆိပ်ကမ်းမှာ သင်္ဘော ကမ်းခဏကပ်တုန်း RFA ကိုဆက်သွယ်ပြောဆိုလာပါတယ်။
"ကျနော်ဆိုရင် ဆိပ်ကမ်းက မဆင်းရတာခြောက်လလောက်ရှိပြီ။ဆိပ်ကမ်းကပ်ရင်လည်း ကမ်းပေါ်ဆင်းလို့မရဘူး၊ ဆိပ်ကမ်းကပ်တုန်း ဘယ်အချိန်အကူးခံရမလဲဆိုတာလည်းမသိဘူး"
ပြီးခဲ့တဲ့ မတ်လကတည်းက အိန္ဒိယ၊ စင်ကာပူနိုင်ငံတို့မှာ သင်္ဘောပေါ်ကဆင်းဖို့ ကြိုးစားခဲ့ပေမယ့် အဲ့ဒီနိုင်ငံတွေမှာလည်း Lockdown ချလိုက်တာကြောင့် ဒီသင်္ဘောပေါ်က ကိုသူရိန် မဆင်းခဲ့ရပါဘူး။ စာချုပ်သက်တမ်းပြည့်သွားပြီ ဖြစ်ပေမယ့် အိမ်ပြန်မရတာကြောင့် ဒီသင်္ဘောပေါ်မှာပဲ ဆက်အလုပ်လုပ်နေရတာ ၂ လကျော်သွားပါပြီ။
"စာချုပ်ပြည့်ပြီး ပြန်ချင်တဲ့ သင်္ဘောသားတွေကို ဆိုက်ရောက်မယ့်နိုင်ငံမှာ ကျနောတို့ရဲ့ Agent တွေ ကုမ္ပဏီတွေနဲ့ချိတ်ဆက်ပြီး relief flight တွေနဲ့ ပြန်လို့ရအောင်ကူညီပေးစေချင်တယ်"
အခု ကိုသူရိန်လင်းလိုက်တာတဲ့ သင်္ဘောဟာ ယူအေအီး၊ပါကစ္စတန်၊ကူဝိတ်စတဲ့နိုင်ငံတွေကိုခရီးဆက်မှာပါ။အလုပ်လုပ်တဲ့ မြန်မာ ၁၉ ယောက်ပါပါတယ်။ ကိုမင်းခန့်နိုင်ဟာလည်း ကိုသူရိန်လင်းလိုပဲ အဲ့ဒီသင်္ဘောပေါ်မှာ ပိတ်မိနေသူတစ်ယောက်ပါ။

"Relief Flight တွေနဲ့ပြန်ဖို့ဆိုတာကလည်း အဲ့နိုင်ငံကိုရောက်ဦးမှလေ။ Flight မရှိတဲ့နိုင်ငံဆိုရင်က ပြန်ဖို့အဆင်မပြေပြန်ဘူး"
ဒီလို စာချုပ်ပြည့်ပေမယ့် သင်္ဘောပေါ်မှာ အလုပ်လုပ်နေရတာ အိမ်မပြန်နိုင်သေးတာဟာ သူတို့တွေပဲတော့ မဟုတ်ပါဘူး။ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် နိုင်ငံတကာမှာ အဝင်အထွက်ဂိတ်တွေ ပိတ်လိုက်တာကြောင့် သင်္ဘောပေါ်မှာ ပိတ်မိပြီး စာချုပ်သက်တမ်းကုန်တာတောင် အလုပ်ဆက်လုပ်နေရတဲ့သူ တကမ္ဘာလုံးမှာ လူပေါင်း တစ်သိန်းခွဲနီးပါးရှိနေတာပါ။ မြန်မာနိုင်ငံသား သင်္ဘောသား တစ်သောင်းလောက်ဟာလည်း အိမ်ပြန်မရဘဲ သင်္ဘောတွေပေါ်မှာ ပိတ်မိနေတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံ Texas မှာနေထိုင်တဲ့ နိုင်ငံတကာသင်္ဘောသားများသမဂ္ဂ အလုပ်သမားစစ်ဆေးရေးအရာရှိတစ်ဦးဖြစ်တဲ့ ဦးရွှေမောင်ထွန်းက သူတို့ သမဂ္ဂကို အခုတလော တိုင်ကြားတဲ့အမှုတွေထဲမှာ အိမ်ပြန်ချင်လို့ တိုင်ကြားတဲ့အမှုတွေ များနေတယ်လို့ပြောပါတယ်။
"အရင်ကဆို ပိုက်ဆံကိစ္စ ပြဿနာတက်လို့ တိုင်ကြတာများတယ်။ အခုက အိမ်ပြန်ချင်လို့တိုင်ကြတာ။ မိဘစိတ်ပူတာ၊ စာချုပ်ပြည့်လို့ပြန်ချင်တာအစုံပေါ့။ တချို့ဆို ရူးသွားတဲ့သူတွေတောင်ရှိတယ်။ သင်္ဘောပေါ်မှာ ပိတ်ထားရတဲ့ထိတောင် ရှိတယ်"
သင်္ဘောသားတွေဟာ သင်္ဘောလိုက်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီးတော့ အနည်းဆုံးရှစ်လ သင်္ဘောပေါ်မှာ စာချုပ်နဲ့ လုပ်ကိုင်ရတာပါ။ အဲ့ဒီရှစ်လပြီးရင် လူစားထိုး သင်္ဘောတက်မယ့်သူ ရောက်လာတာနဲ့ အိမ်ပြန်ခွင့်ရှိပါတယ်။
ဒါပေမယ့် အခုကာလမှာ လူစားထိုးသင်္ဘောပြန်တက်ဖို့ စီစဉ်ထားတဲ့သူတွေလည်း လေကြောင်းလိုင်းတွေပိတ်ထားတာကြောင့် သင်္ဘောတက်ရမယ့်နေရာကို ဘယ်လိုမှပြန်မသွားနိုင်ကြတာပါ။ရန်ကုန်မြို့မှာနေထိုင်တဲ့ ကိုရဲလင်းထိုက်ကတော့ ပုံမှန်မြေပြင်မှာ ၂ လလောက်ပဲနားပြီး သင်္ဘောပြန်တက်လေ့ရှိပေမယ့် အခုတော့ သင်္ဘောပြန်တက်ဖို့ စောင့်နေတာ ငါးလလောက်ရှိပါပြီ။
"သင်္ဘောသားဆိုတော့ အောက်မှာနေတော့ လစာမရှိဘူး။ ရှိတာလေးတွေ ထိုင်သုံးလာတော့ ကြာလာတော့ ခက်ခဲလာပြီပေါ့။လေကြောင်းလိုင်းတစ်ခုခုကအဆင်ပြေတယ်ဆိုရင်တော့ ပြန်တက်ချင်တဲ့သူရော သင်္ဘောပေါ်က ဆင်းချင်တဲ့သူရော အဆင်ပြေတာပေါ့။"
နိုင်ငံဝင်ပေါက် ထွက်ပေါက်တွေ လေဆိပ်တွေ ပိတ်ထားကြောင့် သင်္ဘောပေါ်က လူကလည်း ဆင်းလို့မရသလို သင်္ဘောတက်မယ့်သူတွေလည်း တက်လို့မရဖြစ်နေတာပါ။ ရေကြောင်းပို့ဆောင်ရေးဟာ ကမ္ဘာ့ကုန်သွယ်ရေးလုပ်ငန်းမှာ အလွန်အရေးပါပါတယ်။ ကမ္ဘာကုန်သွယ်ရေးရဲ့ ၉၀ ရာခိုင်နှုန်းဟာ ရေကြောင်းပို့ဆောင်ရေးကို မှီခိုအားထားနေရတာပါ။ အခုလိုကာလမှာ တကမ္ဘာလုံး ကုန်စည်စီးဆင်းမှုရပ်တန့်မသွားအောင် ရေကြောင်းလုပ်သားတွေအတွက် အစိုးရတွေက အထူးစီမံချက်တွေလုပ်ပေးဖို့ လိုတယ်လို့ နိုင်ငံတကာသင်္ဘောသားများသမဂ္ဂ အလုပ်သမားစစ်ဆေးရေးအရာရှိတစ်ဦးဖြစ်တဲ့ ဦးရွှေမောင်ထွန်းက သုံးသပ်ပါတယ်။
"သူတို့ကြောင့်မို့လို့ ကိုဗစ်ကာလမှာ အစားအသောက် အသုံးအဆောင်တွေ ခုထိမပြတ်ဘဲ သုံးစွဲနေရတာ။ သူတို့က ရှေ့တန်းကနေ ပါဝင်နေကြတာ။ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံစာတွေလိုလည်း လိုလာရင် မြန်မာပြည်က သင်္ဘောသားတွေအတွက် အချိန်မှီမလုပ်ပေးနိုင်မှာတော့ စိုးရိမ်တယ်"
မြန်မာနိုင်ငံအစိုးရက တကမ္ဘာလုံးမှာရှိတဲ့ နေရပ်ပြန်ချင်တဲသူတွေကို အထူးလေယာဉ်တွေစီစဉ်ပြီး ပြန်ခေါ်နေပေမယ့်လည်း အိမ်ပြန်ချင်တဲ့ သင်္ဘောသားတွေအတွက်တော့ လေယာဉ်ပျံသန်းမယ့်နိုင်ငံကို ရောက်ဖို့တောင် မနည်းကြိုးစားနေရတဲ့ အနေအထားဖြစ်နေပါတယ်။ နိုင်ငံတကာရေကြောင်းအဖွဲ့ IMO ကတော့ အခုလိုကာလမှာ ကမ္ဘာ့နိုင်ငံတိုင်းကို ကုန်စည်စီးဆင်းနိုင်ဖို့ မရှိမဖြစ်လိုအပ်နေတဲ့ သင်္ဘောသားတွေအတွက် အစိုးရတွေ၊လေကြောင်းလိုင်းတွေ၊ သင်္ဘောလိုင်းကုမ္ပဏီတွေပူးပေါင်းပြီး အထူးစီမံချက်တွေဆောင်ရွက်ပေးကြဖို့၊ သင်္ဘောသားတွေကို ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိ၊မရှိ စစ်ဆေးပေးဖို့တွေ တိုက်တွန်းထားပါတယ်။