မြန်မာ ကစားသမား နှစ်ဦး ကားမတော်တဆမှုကြောင့် ကစားခွင့်မရ

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်းမှာ Squash အားကစား ပြိုင်ပွဲဝင် မြန်မာအသင်းလိုက်ပါလာတဲ့ကားဟာ ဒီနေ့ မနက်ပိုင်းက ယာဉ် မတော်တဆမှု ဖြစ်ပွားခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရမှုများခဲ့ပြီး မြန်မာအမျိုးသမီးလက်ရွေးစင် ကစားသမားနှစ်ဦးကို ဒဏ်ရာအခြေအနေကြောင့် ဆက်ကစားခွင့် မပြုတော့ဘူးလို့ သိရပါတယ်။

မြန်မာ Squash အားကစားသမားတွေကို ကားမတော်တဆမှုဖြစ်ပွားခဲ့ပြီးနောက် တွေ့ရစဉ် Photo: မြန်မာဘောလုံး ချစ်ပရိသတ်များ - MFFG

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆီးဂိမ်းမှာ Squash အားက စားပြိုင်ပွဲဝင် မြန်မာအသင်းလိုက်ပါလာတဲ့ကားဟာ ဒီနေ့ မနက်ပိုင်းက ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရမှုများခဲ့ပြီး မြန်မာအမျိုးသမီးလက်ရွေးစင် ကစားသမားနှစ်ဦးကို ဒဏ်ရာအခြေအနေကြောင့် ဆက်ကစား ခွင့်မပြုတော့ဘူးလို့ သိရပါတယ်။

မြန်မာ၊ ထိုင်းနဲ့ ဖိလစ်ပိုင် လက်ရွေးစင် Squash အားကစားသမားတွေဟာ ပြိုင်ပွဲကျင်းပတဲ့ မလေးရှားနိုင်ငံ ဘူခက်ဂျာလီ အမျိုးသားအားကစားရုံကို အသွားမှာ ယာဉ်မတော်တဆမှု ဖြစ်ခဲ့တာလို့ အားကစားနဲ့ ကာယပညာ ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

အဲဒီယာဉ်ပေါ်မှာ ပါသွားတဲ့ မြန်မာအားကစားသမား ၈ ဦးနဲ့ နည်းပြ၊ အသင်းအုပ်ချုပ်သူ နှစ်ဦး စုစုပေါင်း ၁၀ ဦးလုံး ထိခိုက်မှုရှိခဲ့ပေမယ့် ကစားသမား မအိအိပြုံးနဲ့ မအေးအေးသင်းတို့ နှစ်ဦးကိုတော့ ဒဏ်ရာကြောင့် ဆက်ကစားခွင့် မပြုတော့တာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် မအေးအေးသင်း ကတော့ လည်ပင်း၊ ဘယ်ဘယ်ခြေထောက်နဲ့ ဒူးမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး မအိအိပြုံး ကတော့ ခေါင်းနဲ့လည်ပင်းမှာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူကပြောပါတယ်။

မြန်မာအသင်းက နည်းပြနဲ့ အားကစားသမားတွေအပါအဝင် ၁၀ ဦး၊ ထိုင်း ၁၃ ဦး နဲ့ ဖိလစ်ပိုင် လက်ရွေးစင် ၅ ဦး ပါဝင်တဲ့ Squash အားကစားသမားတွေဟာ ပြိုင်ပွဲကျင်းပတဲ့ ဘူခက်ဂျာလီ အားကစားအမျိုးသား အားကစားရုံကို အသွားမှာ အရှေ့က ကားတစီးကို ဝင်တိုက်မိတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့ မနက်ပိုင်း Squash  အမျိုးသမီးနှစ်ယောက်ပြိုင်ပွဲမှာ မြန်မာနဲ့ ထိုင်းအသင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ် ။ ဒီလိုထိခိုက်ဒဏ်ရာရမှုတွေကြောင့် မနက်ပိုင်းမှာ ပြိုင်ပွဲကို ရပ်နားခဲ့ရပြီး ညနေပိုင်းမှာတော့ တချို့ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ဖို့ရှိတယ်လို့ သိရပါတယ်။

အဲဒီယာဉ်ပေါ်မှာပါတဲ့ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံက အားကစားသမားတွေရဲ့ ထိခိုက်ဒဏ်ရာ အခြေအနေကိုတော့ မသိရသေးဘူးလို့ အားကစားနှင့် ကာယပညာဦးစီးဌာနကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org