မြစ်ကြီးနား ငြိမ်းချမ်းရေးဆုတောင်းပွဲ လူ ၃ဝဝဝ ကျော် တက်ရောက်
2015.01.10
ဒီနေ့ ကျရောက်တဲ့ ၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့မှာ မြစ်ကြီးနားမြို့ နောင့်နမ်းဓမ္မတက္ကသိုလ်မှာ လူဦးရေ ၃ဝဝဝ ကျော်က ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဒီနေ့ ဆုတောင်းပွဲ ကျင်းပခဲ့ကြပါတယ်။
ကချင်ပြည်သူတွေလိုလားနေတဲ့ လွတ်လပ်စွာနေထိုင်ခွင့်တွေအတွက် ဆုတောင်းခဲ့ကြတာလို့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က ပြောပါတယ်။
"၆၇ ကြိမ်မြောက် ပြည်နယ်နေ့အတွက် ဆုတောင်းပါတယ်၊ ကျနော်တို့ ကချင်ပြည်နယ်ဆိုတာ ကချင်ပေါ်ပေါက် လာတဲ့ သမိုင်းတွေလည်း ပြောပြတာပေါ့နော့၊ ပြီးမှ ကျနော်တို့က ကချင်လူထုက လိုလားနေတဲ့ စစ်မှန် တဲ့ပြည်ထောင်စုကြီးပေါ်ပေါက်မှ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ပေါ့၊ လွတ်လွတ်လပ်လပ် ပြည်ထောင်စုနိုင် ငံသား တစ်ယောက်ဖြစ်ဖို့အတွက်ပေါ့နော့၊ အဲ့ဒါတွေပြောကြားရင်းနဲ့ ဆုတောင်းခဲ့ပါတယ်၊ ဒီမြစ်ကြီးနားမှာရှိတဲ့ ခရစ်ယာန်ဘာသာဝင်အားလုံးတွေပေါ့၊ အဲ့ဒီ ဝိုင်းမော်တို့ ဟိုဘက်က မိုးကောင်းတို့ ပါတာပေါ့၊ မြစ်ကြီးနား တဝိုက်ပေါ့ မြို့နယ်တွေအားလုံးကို"
ဆုတောင်းပွဲကို ကချင်လူမျိုးစုတွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေ တက်ရောက်ခဲ့ကြပြီး ခရစ်ယာန် ဘာသာဝင် ဘုန်းတော်ကြီးတွေလည်းပါဝင်ခဲ့ကြပါတယ်။
ဆုတောင်းပွဲတွေကို မြစ်ကြီးနားမြို့အပြင် ပူတာအို၊ တနိုင်း၊ ဗန်းမော်မြို့တွေမှာပါ ကျင်းပခဲ့ပါတယ်။ ကချင်ပြည် နယ်နေ့ မနောပွဲအခမ်းအနားကို မတတ်ရောက်ကြတဲ့သူတွေက ခရစ်ယာန် ဘုရားကျောင်းတွေမှာ တက်ပြီး ဆုတောင်းခဲ့ကြတာဖြစ်ပါတယ်။
ဒီနေ့ကျရောက်တဲ့ ၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ကို မြစ်ကြီးနားမနောကွင်းမှာကျင်းပခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန်လည်း တက်ရောက်ခဲ့ပါတယ်။