နာဂရိုးရာယဉ်ကျေးမှုပွဲတော်တွေ ချုပ်ကိုင်မှု ရပ်ပေးဖို့ တိုက်တွန်း


2014.12.09
naga-press-305.jpg ရန်ကုန်မြို့ယုဇနဟိုတယ်မှာ ဒီဇင်ဘာလ ၉ ရက်နေ့က နာဂအမျိုးသားညီလာခံဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ပြု လုပ်စဉ်။
Photo: Kyaw Zaw Win/RFA

နာဂရိုးရာယဉ်ကျေးမှုပွဲတော်တွေကို နိုင်ငံတော်အစိုးရက တိုက်ရိုက်လွှမ်းမိုးချုပ်ကိုင်ထားတာကို ရပ်တန့်ပေးဖို့ နာဂ အမျိုးသားညီလာခံ ကျင်းပရေးဦးစီးကော်မတီက တောင်း ဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ ဒီနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံရေး စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးကဏ္ဍတွေ အတွက် တောင်းဆိုထားတဲ့ကြေညာချက်ကို ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ နာဂအမျိုးသားညီ လာခံကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး ဦးရှုမောင်က နာဂပွဲတော်အကြောင်း ထည့်သွင်းပြော သွားတာဖြစ်ပါတယ်။

"ယဉ်ကျေးမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ အကြောင်း အရာတစ်ခုဖြစ်တဲ့ နာဂရေးရာ နှစ်သစ်ကူးရိုးရာ ပွဲတော်ကျင်းပရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ အခါမှာတော့ နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပရာ တွင် နိုင်ငံတော်မှ တိုက်ရိုက်ချုပ်ကိုင်ခြင်းကို ရပ်တန့်ပေးရန်ဆိုပြီး ကျနော်တို့ နာဂအမျိုးသားညီလာခံမှာ ကျနော် တို့ တောင်းဆိုဆွေးနွေးကြပါတယ်၊ နာဂနှစ်သစ်ကူးနေ့ကို ဇန်နဝါရီလ ၁၅ ရက်နေ့အဖြစ် ကျနော်တို့ နာဂအမျိုးသားတွေ ညီညွတ်စွာ သတ်မှတ်ထားပြီးသားမို့လို့ အဲ့ဒီနေ့ကို နိုင်ငံတော်ရဲ့ တရားဝင်ရုံးပိတ်ရက် အဖြစ်သတ်မှတ်ပေးဖို့ ကျနော်တို့ နာဂလူမျိုးတွေ တောင်းဆိုကြပါတယ်"

ပြီးခဲ့တဲ့ နိုဝင်ဘာလ( ၂၇ ) ရက်နေ့ကနေ ဒီဇင်ဘာလ ( ၁ ) ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှာ နာဂညီ လာခံကျင်းပခဲ့ပြီး အဲ့ဒီအချက်တွေကို ထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင်နာဂလူမျိုးတွေအတွက် သီးသန့်သန်းခေါင်စာရင်းကုဒ် ထုတ်ပြန်ပေးဖို့နဲ့ ချင်းမျိုးနွယ်စုတွေထဲမှာ ထည့်သွင်း ထားတဲ့ နာဂလူမျိုးတွေကိုလည်း ‘နာဂလူမျိုး’ အဖြစ်သာ ပြန်လည်ထည့်သွင်းပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

နာဂယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရကျင့်သုံးတဲ့ မြေယာစီမံခန့်ခွဲမှုစနစ်နဲ့ တရားစီရင်ရေး ထုံးတမ်းတွေ ကိုလည်း အစိုးရက အသိအမှတ်ပြုပေးဖို့၊ နေ အိမ်တွေမှာ နိုင်ငံခြားသားတွေ တည်းခိုခွင့်ကို ပြဌာန်းပေးဖို့၊ နာဂဒေသတွေမှာ နိုင်ငံခြားသားတွေ ရာသီမရွေး သွားလာခွင့်ပြုဖို့တို့ကိုလည်း တောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။