ဒရုန်းအမှု နိုင်ငံခြားသတင်းထောက်နှစ်ဦးကို ပုဒ် ၁၃(၁)နဲ့ စတင်စစ်ဆေး


2017.12.11
drone-foreigner-622.jpg တူရကီအခြေစိုက် TRT သတင်းဌာနက သတင်းထောက်တစ်ဦးကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ရုံးထုတ်စဉ်
Photo: Kyaw Zaw Win/RFA

လွှတ်တော်အဆောက်အအုံကို ဒရုန်းနဲ့ ရိုက်ကူးဖို့ ကြိုးစားစဉ်မှာ ဖမ်းဆီးခံထားရတဲ့ လေးဦးထဲက နိုင်ငံခြား သားနှစ်ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃ (၁) နဲ့ ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ဒီနေ့ စတင်စစ်ဆေးခဲ့ပါ တယ်။

တူရကီနိုင်ငံအခြေစိုက် TRT သတင်းဌာနက သတင်းထောက် နှစ်ဦး၊ စကားပြန်အဖြစ် လိုက်ပါသူ ကိုအောင်နိုင်စိုး နဲ့ ယာဉ်မောင်းတစ်ဦး စုစုပေါင်း လေးဦးအမှုကို ၇ ကြိမ်မြောက်အဖြစ် ရုံးထုတ်အပြီးမှာ ရှေ့နေ ဦးခင်မောင်ဇော် က ဒီနေ့ တရားရုံးမှာ စစ်ဆေးခဲ့တဲ့အခြေအနေကို အခုလို ပြောပါတယ်။

"အရင်ကတင်ထားတဲ့ ပို့ကုန်သွင်းကုန်ပုဒ်မနဲ့ တစ်မှု၊ နောက်နိုင်ငံခြားသား နှစ်ယောက်ကိုပဲ သတ်သတ်တင်တယ်၊ လူဝန်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၃(၁)နဲ့ စွဲတဲ့အမှုကို အရင်စစ်ပါတယ်"

အဲဒီလိုစစ်ဆေးရာမှာ တရားလိုဖြစ်တဲ့ လဝက အရာရှိတဦးနဲ့ အမှတ် ၅ ရဲစခန်းမှူးကို စစ်ဆေးခဲ့တယ် လို့ သိရပါတယ်။

နိုင်ငံခြားသား ၂ ဦးကို သွင်းကုန်ထုတ်ကုန်ဥပဒေအပြင် လဝက ဥပဒေနဲ့ပါ တရားစွဲဆိုထားပြီး ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းဖြစ်သူကို သွင်းကုန်ထုတ်ကုန် ဥပဒေနဲ့သာ တရားစွဲဆိုထားတာပါ။

လက်ရှိမှာ လေးဦးစလုံးကို ပြီးခဲ့တဲ့ နိုဝင်ဘာလက လေယာဉ်အက်ဥပဒေ ပုဒ်မ ၈ နဲ့ ထောင်ဒဏ် ၂ လ စီချမှတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။