နေပြည်တော်လမ်း ယာဉ်တိမ်းမှောက် ၉ ဦးသေ၊ ၁၆ ဦး ဒဏ်ရာရ


2016.03.06
naypyidaw-car-accident-620.jpg နေပြည်တော်မန္တလေး အမြန်လမ်းမှာ ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်နေစဉ်
Photo: MOI Webportal Myanmar

ဒီကနေ့ မနက် အစောပိုင်း ၆ နာရီခန့်က နေပြည်တော် မန္တလေး အမြန်လမ်းမှာ ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်ခဲ့တာကြောင့် ယာဉ်ပေါ်ပါ ဘုရားဖူး ၉ ဦးသေဆုံးပြီး ၁၆ဦး ဒဏ်ရာရရှိသွားပါတယ်။

တိမ်းမှောက်သွားတဲ့ ယဉ်ဟာ မစ်ဆူဘီရှီ အမျိုးအစား အသေးစားထရပ်ကားဖြစ်ပြီး ယဉ်မောင်းသူ အိပ်ငိုက်တာကြောင့် တိမ်းမှောက်သွားတာဖြစ်တယ်လို့ အမြန်လမ်းရဲမှူးရုံးက တာဝန်ကျ အရာရှိက ပြောပါတယ်။

"ရန်ကုန်ဘက်ကနေ မန္တလေးကိုသွားတာ၊ ယာဉ်မောင်းသူ အိပ်ငိုက်တာ၊ ယာဉ်မောင်းသူက ပွဲချင်းပြီးဆုံးတာ၊ သူ့နာမည် ဦးခင်မောင်ဆွေတဲ့၊ အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းမှာရှိတဲ့ တုံးတွေကိုတိုက်မိတာ၊ သေဆုံးတာ ၉ ဦး၊ ထိခိုက်ဒဏ်ရာရတာကတော့ ၁၆ ဦး၊ ၃၂၃/ ၂ ဖာလုံနဲ့ ၃၂၃/ ၃ ဖာလုံမှာပါ"

ထိခိုက်ဒဏ်ရာရရှိသူတွေကို မန္တလေးဆေးရုံကို ပို့ဆောင်ထားပါတယ်။

ကားပေါ်လိုက်ပါလာသူ အများစုဟာ ဧရာဝတီတိုင်းက ဖြစ်ကြပြီး ရန်ကုန် ရွှေပြည်သာ က ခရီးသည်တွေလည်းပါဝင်တယ်လို့ သိရပါတယ်။ ကားဟာ ရှမ်းပြည်မြောက်ပိုင်းကို ဘုရားဖုူးထွက်တဲ့ ယာဉ်ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။