ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးဖို့ သဘောတူညီမှုရရှိ


2014.12.15
ncct-chin-maing-305.jpg ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့က NCCT ခေါင်းဆောင်တွေ အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်အတွက် ဆွေးနွေးကြစဉ်
Photo: Aung Moe Myint/RFA
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC အဖွဲ့နဲ့ ဆက်ဆွေးနွေးသွားဖို့ ဒီကနေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာပြုလုပ်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ နှစ်ဖက်သဘောတူညီမှု ရရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ညနေ ၃ နာရီက တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC က အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ ဦးဆောင်တဲ့အဖွဲ့တို့ တွေ့ဆုံခဲ့ရာမှာ အခုလို သဘော တူညီမှု ရခဲ့ကြတာဖြစ်တယ်လို့ ဦးလှမောင်ရွှေ က RFA ကို ပြောပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မိုးမြင့် ချင်းမိုင်မြို့ကနေ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။