NED အကြီးအကဲနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
2011.12.06

RFA
ဒီလို တွေ့ဆုံရာမှာ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုအလုပ်မှုဆောင် အဖွဲ့လည်း တက်ရောက်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်း အခွင့်အရေးများနဲ့ ပတ်သက်လို့ စည်းကမ်း နည်းလမ်းအတိုင်း တင်ဒါခေါ်ယူခြင်း မရှိဘဲ လက်သိပ်ထိုး ခွဲဝေပေးနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး workshop တစ်ခု ပြုလုပ်ရေးကို Mr. Brian Joseph က ဆွေးနွေးသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဥပဒေ စိုးမိုးရေး ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတွင်းမှာ ဥပဒေ ပညာရှင်တွေ၊ တရားရေး ဝန်ထမ်းတွေ၊ ဥပဒေ ဝန်ထမ်းတွေ အတွက် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရေး၊ ဒါ့အပြင် ပြည်ပရှိ ဥပဒေ ပညာရှင်များ ပို့ချတဲ့ သင်တန်းတွေမှာ တက်ရောက်နိုင်အောင် အကူအညီပေးရေး
ကိစ္စတွေကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။
အလားတူပဲ မြန်မာနိုင်ငံကို ရောက်နေတဲ့ CISL ခေါ် အီတလီ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အမှုဆောင် အရာရှိ Cicilia Brighi နဲ့ အဖွဲ့ဟာ မနေ့က ဒေါ်အောင်ဆန်းစုကြည်ကို ရုံးချုပ်မှာ လာရောက် တွေ့ဆုံ ဆွေးနွေးတယ်လို့ သိရှိရပါတယ်။
ဆွေးနွေးတဲ့ အကြောင်းအရာများနဲ့ ပတ်သက်လို့ အသေးစိတ်ကို နှစ်ဘက်လုံးက ထုတ်ပြန်တာ မရှိဘူးလို့လည်း သိရပါတယ်။