ကလေးမြို့မှာ CDM ကျန်းမာရေးဝန်ထမ်း ဇနီးမောင်နှံအပါအဝင် ကိုးဦး အဖမ်းခံရ

2021.12.20
ကလေးမြို့မှာ CDM ကျန်းမာရေးဝန်ထမ်း ဇနီးမောင်နှံအပါအဝင် ကိုးဦး အဖမ်းခံရ ၂၀၂၁၊ ဒီဇင်ဘာ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့ က ဗိုလ်ချုပ်လမ်း တစ်နေရာကို တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်မှာ နေထိုင်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ကျန်းမာရေး ဝန်ထမ်း ဇနီးမောင်နှံ အပါအဝင် ကိုးဦးဟာ ဒီဇင်ဘာ ၂၀ ရက် ဒီမနက် ငါးနာရီခန့်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် တွေရဲ့ ဖမ်းဆီးတာခံလိုက်ရတယ်လို့ ကလေးမြို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၀ ရက် ဒီမနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လူအင်အား အလွန်အကျွံသုံးပြီး ရပ်ကွက်ထဲက လမ်းလေးခုကိုပိတ်ကာ အိမ်ပေါင်း ငါးအိမ်ကျော်ကို ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာပါ။

CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ကျေးလက်ကျန်းမာရေးဝန်ထမ်း ဦးတင်မြို့ ဇနီးမောင်နှံအပါအဝင် ကိုထွန်းထွန်းနိုင်၊ မတင်ဖြူဝင်း၊ မဘုတ်ဆုံနဲ့ အမျိုးသမီး လေးဦး အဖမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

အဖမ်းခံလိုက်ရတဲ့ မဘုတ်ဆုံရဲ့ လက်ကိုင်ဖုန်းနဲ့ ပိုက်ဆံ ၁၇ သိန်းကိုလည်း သိမ်းယူသွားတယ်လို့ မိသားစုဝင် တွေနဲ့ နီးစပ်သူက ပြောပါတယ်။

ကိုထွန်းထွန်းနိုင်၊ ဦးတင်မြို့တို့ နှစ်ဦးကို ဒေသကွပ်ကွဲရေးစစ်ဌာချုပ် (ဒကစ) ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျန်အမျိုးသမီး ခုနစ်ဦးကတော့ မြို့နယ်ရဲစခန်းမှာ အဖမ်းခံထားရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ကလေးမြို့မှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီး ခံရသူ ၃၈၆ ဦး ရှိတယ်လို့ ကလေးမြို့ ပင်မသပိတ် ဦးဆောင်သူတွေ ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။