ကော်မတီ ၇ ခုဖွဲ့ပြီး ပါတီ လုပ်ငန်းစဉ်တွေ ဆောင်ရွက်မည်


2013.04.08
dassk-nld-health-network-305.jpg ရန်ကုန်မြို့၊ Park Royal ဟိုတယ်မှာ ဧပြီလ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ NLD ပါတီရဲ့ အမျိုးသားကျန်းမာရေးကွန်ရက် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ရစဉ်
photo: RFA/ Nay Myo Htun

ပါတီလုပ်ငန်းစဉ်တွေ အကောင်အထည်ဖေါ်ဖို့အတွက် ကော်မတီ ၇ ခု ဖွဲ့စည်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပထမဆုံးအကြိမ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့  NLD ပါတီ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက RFA ကို ပြောပါတယ်။

အဲဒီကော်မတီတွေထဲက လူငယ်ရေးရာကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်သွားမယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက ကျင်းပခဲ့တဲ့ပါတီရဲ့ ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ အသစ်ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဖွဲ့စည်းမယ့်ကော်မတီတွေကတော့ တောင်သူ လယ်သမားရေးရာ ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၊ အလုပ်သမားရေးရာ ကော်မတီ၊ တိုင်းရင်းသားရေးရာ အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေးကော်မတီတွေ ဖြစ်တယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။