NLD အဖွဲ့ဝင် ၁၂ ဦး ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံကို ထွက်ခွာ
2014.04.21

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနရဲ့ ဖိတ်ကြားချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့် ဦးဆောင်တဲ့ ၁၂ ဦးအဖွဲ့ဟာ ဒီနေ့ တရုတ်ပြည်ကို ထွက်ခွာသွား ပါတယ်။
NLD ပါတီအနေနဲ့ တရုတ်ပြည်လေ့လာရေးခရီးစဉ်ဟာ ၄ကြိမ်မြောက်ရှိပြီလို့ ဦးဝင်းမြင့်က ပြောပါတယ်။
"ကျနော်တို့ အခုဆိုလို့ရှိရင် တခြားလူငယ်တွေသွား ထားတာနဲ့ ဘာလို့ရှိရင် သုံးလေးကြိမ်လောက်ရှိ ပါပြီဗျ၊ အိမ်နီးချင်းနိုင်ငံကိုးဗျ အိမ်နီးချင်းနိုင်ငံဖြစ် တဲ့အခါကျတော့ ဒီလိုပေါ့ ပြည်သူလူထုနဲ့ပါ ထိတွေ့ ဖို့ ပြည်သူ လူထုနဲ့ဒီလိုပဲ ဒီလိုပဲ ကျနော်တို့က ရင်းနှီး ချစ်ကြည်ပြီး ချစ်ခင်သွားဖို့ဆိုတာကတော့ အိမ်နီးချင်းနိုင်ငံဆိုတော့ ဘယ်သူမှရှောင်လို့ မရတဲ့ ကိစ္စမဟုတ်ဘူးလေ၊ ဒီလိုပဲထိတွေ့ဆက်ဆံရမှာပဲ "
ဒီခရီးစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်၊ ဗဟိုကော်မတီဝင်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၂ ဦး ပါဝင်ပါတယ်။
ဒီခရီးစဉ်အတွင်း ကူမင်း၊ ပေကျင်းနဲ့ ဖူအယ်မြို့တို့ကို ၁ဝ ရက်ကြာ သွားရောက်လေ့လာမှာဖြစ်ပြီး တွေ့ ဆုံဆွေးနွေးမယ့် ပုဂ္ဂိုလ်တွေ၊ သွားရောက်လေ့လာမယ့်နေရာတွေကို အသေးစိတ် ပြောကြားခြင်း မရှိသေးပါဘူး။