ဆိပ်ကြီး ခနောင်တိုမြို့နယ်မြေ NLD အခမဲ့ ဆေးကုသပေး
2014.04.20

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ရက်က ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့ကို ဒီနေ့ သွားရောက်ပြီး အခမဲ့ ဆေးဝါးကုသပေးရာ မှာ ဒေသခံ လေးရာကျော်လောက် ဆေးဝါးကုသမှု ခံယူခဲ့ကြပါတယ်။
အဲသလို ကုသမှု လာရောက် ဆေးကုသခံယူကြတဲ့ လူနာတွေထဲမှာ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါ ဝေဒနာရှင်တွေ များပြားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကွန်ရက် ဒုတိယဥက္ကဌ ဒေါက်တာ ဒေါ်ရွှေပုံက ပြောပါတယ်။
" ကျွန်မတို့ ဆိပ်ကြီးခနောင်တိုမှာ ဆေးကုတာက လူနာ ၄၀၀ လောက်ကုတယ်၊ အထွေထွေရောဂါကုတယ်၊ နောက်ပြီး သွားနဲ့ ခံတွင်းရောဂါ အဲ့ဒါတွေပဲ ကုခဲ့တယ်၊ အထူးကုကတော့ မပါဘူး၊ လာကုတာများတာက သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ နောက်ပြီးတော့ အားနည်းတာတွေများတယ်"
ဆိတ်ကြီးခနောင်တိုမြို့မှာ အထွေထွေရောဂါကု ဆရာဝန် ၁၅ ဦး နဲ့ သွားရောက် ကုသပေးတာဖြစ်ပါတယ်။
လာမယ့် ဧပြီလ၂၃ရက်နေ့မှာလည်း ဒဂုံမြို့သစ်တောင်ပိုင်း နိကာယ်ငါးရပ် ဘုန်းကြီးကျောင်းမှာ အလားတူ သွားရောက်ကုသပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ကျန်းမာရေးကွန်ရက်အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလကစတင်ပြီး နယ်လှည့်အခမဲ့ ဆေးကုသပေးနေ တာဖြစ်ပြီး လူနာပေါင်း သုံးသောင်းကျော်ကို အခမဲ့ဆေးဝါး ကုသပေးပြီးဖြစ်တယ်လို့ သိရပါတယ်။