မြို့နယ် ၃ ရာကျော်မှာ NLD ရုံးတွေ ပြန်ဖွင့်မည်

ရွေးကောက်ပွဲကော်မရှင်က ပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်ပြီဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ ၁၉၈၈- ၈၉ ခုနှစ် ပါတီ တည်ထောင်ခဲ့စဉ် ကာလအတိုင်း မြို့နယ်တိုင်းမှာ စည်းကော်မတီ နဲ့ ရုံးခွဲတွေ ပြန်ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

2011.12.04
assk_t-shirt_nld_youth_305_z.png ‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ...’ ဟူသော စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က အာအက်ဖ်အေကို အခုလို ပြောပါတယ်။

“မြို့နယ်တိုင်းမှာ မြို့နယ်စည်းကော်မတီတွေ၊ ရုံးတွေ ရှိတယ်။ ဒါပေမယ့် အဲဒီ နောက်ပိုင်းကျတော့ အမျိုးမျိုး နှိပ်ကွပ်ခံရတာနဲ့၊ အချင်းချင်းထဲမှာ ဟိုဟာ မဖြစ်တာနဲ့၊ နောက် မြို့နယ်တချို့က ဆိုင်းဘုဒ်တွေဘာတွေ ပြုတ်ကျ ဆိုတာနဲ့ ရုံးတွေ မဖွင့်နိုင်တော့တာ။ အခု ပြန်ပြီး စည်းရုံးမယ်ဆိုရင် ရည်ရွယ်ထားတာတော့ မြို့နယ်တိုင်းမှာ မြို့နယ်စည်းကော်မတီတွေ ဖွဲ့နိုင်အောင် ကြိုးစားဖို့ ရည်ရွယ်ထားတယ်။ မြို့နယ်ပေါင်းက တပြည်လုံးမှာ ၃၁၄ မြို့နယ်၊ အခု ထပ်ပြီး ပြင်ဆင်တာနဲ့ဆိုရင် ၃၂ဝ ကျော်မယ် ထင်တယ်”

တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရတာနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေ အများအပြား ရှိနေတာကြောင့် အခုကတည်းက ကြိုတင်စီမံထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

NLD အနေနဲ့ ပါတီဝင်လျှောက်လွှာ ၁ သန်းကိုလည်း ရိုက်နှိပ်ပြီး တနိုင်ငံလုံးအနှံ့ ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အင်တာနက်အွန်လိုင်းက တဆင့်လည်း လျှောက်လွှာတင်နိုင်အောင် စီစဉ်နေတယ်လို့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ ထုတ်ဖော် ပြောဆိုသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။