၉၀ ရွေးကောက်ပွဲသည် သမိုင်းမှတ်တိုင်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ သမိုင်းမှာ ဘယ်တော့မှ ဖျောက်ဖျက်လို့ မရတဲ့ မှတ်တိုင်တခုလို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မေလ ၂၇ ရက် ဒီနေ့ ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့ ရွှေဂုံတိုင် NLD ရုံးချုပ်မှာ ဒီမနက်ပိုင်းက ကျင်းပတဲ့ ၂၁ နှစ်မြောက် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားမှာပြောဆိုခဲ့တဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလိုပြောသွားတာ ဖြစ်တယ်လို့ NLD ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

2011.05.27
assk_election_amnesty_305_z.png မေလ ၂၇ ရက်က ကျင်းပသော ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ နှစ်ပတ်လည် အခမ်းအနားနှင့် လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

“အထွေထွေ အတွင်းရေးမှူး ပြောတဲ့ မိန့်ခွန်းက အဲဒါ အကောင်းဆုံးပဲ၊ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ တချို့က သမိုင်းမှာ ကျန်ရစ်ခဲ့ပြီလို့ ပြောတယ်။ ကျွန်တော်တို့က ကျန်ရစ်ခဲ့တာ မဟုတ်ဖူး၊ သမိုင်းမှာ ဒါ ဘယ်တော့မှ ဖျောက်ဖျက်လို့ မရတဲ့ မှတ်တိုင်တခုအဖြစ်နဲ့ ရှိရစ်မှာ။ မှတ်တိုင်က ဘာလဲဆိုတော့ ပြည်သူလူထုက စစ်မှန်တဲ့ ဒီမိုကရေစီ လိုချင်နေတယ်ဆိုတဲ့ မှတ်တိုင်။ တခဲနက် ရင်ထဲ အသည်းထဲက ရှိတဲ့ ဆန္ဒနဲ့ အဖွဲ့ချုပ်ကို တာဝန်ပေးခဲ့တယ်။”

“ဒါပေမယ်လို့ အကောင်အထည် မပေါ်ဘူး။ အကောင်အထည် မပေါ်ဘူးဆိုတဲ့ သမိုင်းက ရှိရစ်တာပေါ့။ အဲဒါ သမိုင်းပဲ။ အကောင်အထည်မပေါ်တာ ဘယ်သူ့မှာ တာဝန် ရှိသလဲ။

 ဒီနေ့ အခမ်းအနားကို အရင်နှစ်တွေနဲ့ မတူပဲ အစီအစဉ်သစ်တွေနဲ့ နှစ်ပိုင်းခွဲ ကျင်းပပြီး NLD ပါတီဝင် မဟုတ်တဲ့ နိုင်ငံရေး အကျဉ်းသမားဟောင်းတွေလည်း တက်ရောက်တယ်လို့ ဦးအုန်းကြိုင်က ဆိုပါတယ်။

“ပထမပိုင်းက မကြာသေးမီက အကျဉ်းထောင် အသီးသီးက လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများကို ကြိုဆို နှုတ်ဆက်တဲ့ အခမ်းအနား၊ ဒုတိယပိုင်း အခမ်းအနားက ရွေးကောက်ပွဲ ဆိုင်ရာ စာတမ်းများ ဖတ်ကြားတဲ့ ပွဲပေါ့။ စာတမ်း နှစ်စောင်ပေါ့ဗျာ။ နောက် ဟောပြောတာက တယောက်ပေါ့။”

“ကျွန်တော်တို့ NLD က ဦးဝင်းမြင့်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဘာကြောင့် ဝင်ခဲ့ရသလဲ ဆိုတဲ့ စာတမ်းကို ဖတ်တယ်။ SNLD အတွင်းရေးမှူး ဦးစိုင်းစောအောင်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ခဲ့တဲ့အပေါ် တိုင်းရင်းသားများတွေရဲ့ အမြင် ဆိုပြီးတော့ သူကလည်း ပြောတယ်။ နောက်တယောက်ကတော့ ပြည်ထောင်စု ဒီမိုကရေစီပါတီက ကိုဖြိုးမင်းသိန်း၊ သူက ၂၀၁၀ ရွေးကောက်ပွဲ ဘာကြောင့် မဝင်ခဲ့ရသလဲ ဆိုတဲ့ စာတမ်းကို ဖတ်တယ်။”

ပထမပိုင်းမှာ NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ဆေးရုံ တက်ရောက်နေရတဲ့ ဦးဝင်းတင်ကိုယ်စားနဲ့ ဦးတင်ဦးကိုယ်တိုင် ပြောတဲ့ အမှာစကား ပြောကြားပါတယ်။ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောရာမှာ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ စပ်လျဉ်းပြီး အာဏာပိုင်တွေဟာ ပြည်သူလူထုကို ပေးတဲ့ ကတိမတည်တဲ့အကြောင်း ထောက်ပြပါတယ်။ ရွေးကောက်ပွဲ ရှိတိုင်း ဒီမိုကရေစီ ရှိတယ်လို့ မပြောနိုင်တဲ့အကြောင်း၊ တရားဥပဒေစိုးမိုးရေး အရေးကြီးတဲ့အကြောင်း တရာဥပဒေ စိုးမိုးမှု မရှိရင် ဒီမိုကရေစီ မရှိတဲ့ကြောင်းတွေလည်း ပြောဆိုတယ်လို့ သိရပါတယ်။

အခမ်းအနားကို နိုင်ငံရေး အကျဉ်းသမားဟောင်း ၃၆ ယောက် အပါအဝင် လူ ၂၅၀ လောက် တက်ရောက်တယ်လို့ ဦးအုန်းကြိုင်က ပြောကြားပါတယ်။ ဒီအခမ်းအနားမှာ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး တင်သွင်းတဲ့ စာတမ်းတွေအကြောင်းကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-05-28 11:26

သူငယ်တန်းတုံးကပထမ၇တာကို ပြောမနေ ပါ နဲ့ တော့ အခုဘာလုပ်မလဲ ဆိုတာဘဲအေ၇းကြိးပါတယ်