အစ္စလာမ်ဘာသာဝင် အကျဉ်းသားတွေကို NLD ကူညီမည်
2011.01.16

ရခိုင်ပြည်နယ် ထောင်တွေကို ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေ ထောင်ဝင်စာ သွားတွေ့ရာမှာ အစ္စလာမ် ဘာသာဝင်တွေကို အာဏာပိုင်တွေက နယ်ကျော်ခွင့်မပေးတဲ့ ပြဿနာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်လို့ ဦးတင်ဦးက ပြောပါတယ်။ ဦးတင်ဦးက သူ အကူအညီပေးဖို့ မဲကျထားတဲ့ နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်သူ လက်ရှိ ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အစ္စလာမ်ဘာသာဝင် ကိုအောင်ကျော်ဦးနဲ့ ပတ်သက်ပြီး အခုလို သိရှိရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“သူတို့ ဘူးသီးတောင်ကို သွားမယ်ဆိုတဲ့အခါကျတော့ အစ္စလာမ်ဘာသာဝင် ဖြစ်တယ်ဆိုရင် သွားခွင့် မပေးဘူးတဲ့။ အဲဒီတော့ကာ သူတို့မိသားစုက ပစ္စည်း အိမ်မှာ လာပို့ထားတာ ရှိတယ်။ ဘာသာရေးအရ ရှိခိုးဝတ်ပြုတဲ့ အောက်က အခင်းတို့၊ ကော်ဇောတို့၊ ပုတီးတို့၊ ကိုရန်ကျမ်းရဲ့ အဆိုအမိန့်တို့၊ ဆုတောင်းတာတို့။ အဲဒါ ပေးပေးပါဆိုပြီး လာပေးသွားတယ်။ ကျနော် အဲဒါ စီစဉ်တယ်”
အခုကိစ္စဟာ ဘာသာရေးအရ နှိမ်ချ ဆက်ဆံတာတင်မက လူသားတဦး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုပါ ထိခိုက်နေတာ ဖြစ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။ ဒီကိစ္စကို ဆောင်ရွက်ဖို့ အစ္စလာမ် ဘာသာရေးအဖွဲ့တွေကို ဒီကနေ့ အလွတ်သဘော ဖိတ်ကြားခဲ့ပေမယ့် လာရောက်ခြင်း မရှိဘူးလို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အကျဉ်းသားတွေရဲ့ အခွင့်အရေး အပြည့်အဝ ရရှိစေဖို့ ဥပဒေကြောင်းအရ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဦးတင်ဦးက ပြောပါတယ်။ ဦးတင်ဦးကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |