အစိုးရနဲ့ မွန်ပြည်သစ်ပါတီ အပစ်ရပ်ရေး ပဏာမ သဘောတူ
2012.02.01

Photo: RFA
ဒီသဘောတူညီချက်တွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက အခုလို ပြောပြပါတယ်။
“နှစ်ဦးနှစ်ဘက် ပစ်ခတ် တိုက်ခိုက်မှု ရပ်ဆိုင်းရန်ကိစ္စ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖွဲ့နဲ့ ဆွေးနွေးဖို့အတွက် ကိုယ်စားလှယ်တို့ နေရာတို့ နေ့ရက်တို့ ညှိနှိုင်းတဲ့ကိစ္စ၊ နောက် ဆက်ဆံရေးရုံးတွေ ထားမယ့်ကိစ္စ၊ သတ်မှတ်နေရာမှအပ တခြားဒေသတွေကို လက်နက်နဲ့ မသွားဖို့ သဘောတူတဲ့ကိစ္စ၊ နှစ်ဘက် ညှိနှိုင်းတဲ့အပေါ်မှာ နေရာချထားတဲ့ကိစ္စ ငါးချက်ကို ကျွန်တော်တို့ ဒီနေ့ သဘောတူခဲ့ကြပါတယ်”
ဒီသဘောတူညီချက်တွေကို အတည်ပြု လက်မှတ်ရေးထိုးဖို့ အခုလ တတိယပတ်အတွင်း နောက်တစ်ကြိမ် တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲကို မနက် ၉ နာရီက မော်လမြိုင်မြို့ ရှိုင်း ဟော်တယ်မှာ ပြုလုပ်ခဲ့ပြီး မွန်ပြည်သစ် ပါတီဘက်က ဒုတိယ ဥက္ကဋ္ဌ နိုင်ရော့စ ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင် ၇ ဦးတက်ရောက်ခဲ့ပြီး အစိုးရဘက်က ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၁၅ ဦးပါ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ သတင်းထောက် ကိုအောင်မိုးမြင့်က ခုလို သတင်းပေးပို့ထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |