မြောက်ကိုရီးယားနဲ့ မပတ်သက်ကြောင်း မြန်မာ ထပ်မံ ငြင်းဆို
2014.06.08

မြောက်ကိုရီးယားနဲ့ မြန်မာကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိကြောင်း မြန်မာအစိုးရ က ထပ်မံငြင်းဆိုကြောင်း၊မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဌာနကို ကိုးကားပြီး Korea Times သတင်း က ဖေါ်ပြပါ တယ်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယန်ဗြောင်ဆီ နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ ကြာသပတေးနေ့က နေပြည်တော်မှာတွေ့ဆုံခဲ့ကြရာ မှာ မြန်မာအနေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်အစီအစဉ်အပေါ် ကုလသမဂ္ဂ ရဲ့ ပိတ်ဆို့ အရေးယူတာကို ထောက်ခံကြောင်း၊ ကိုရီးယား ကျွန်း ဆွယ်မှာ နျူကလီးယားကင်းစင်ရေးကို ထောက် ခံကြောင်း၊ နျူကလီးယားပြန့်ပွားမှု ဆန့်ကျင်တဲ့နေ ရာမှာလည်း ခိုင်ခိုင် မာမာရပ်တည်နေကြောင်း ဦးဝဏ္ဏမောင်လွင် က ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးကလည်း နိုင်ငံ တကာအသိုင်းအဝန်းအနေနဲ့ မြန်မာက မြောက် ကိုရီးယား အပေါ်ဘယ်လို တုံ့ပန်ဆောင်ရွက်တယ်ဆို တာ အနီးကပ်စောင့်ကြည့်နေကြောင်း၊ တောင်ကိုရီးယားအနေ နဲ့ မြန်မာနိုင်ငံ ပြင်ပကမ္ဘာနဲ့ စီးပွားရေး ပွင့်လင်း လာပြီး၊ တိုးတက်ဖွံ့ဖြိုးလာအောင် အားပေးကူညီသွား မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
လာမယ့်ဇူလိုင်လအတွင်း တောင်ကိုရီးယား နဲ့ မဲခေါင်မြစ်အောက်ပိုင်းဒေသ ငါးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး များ ဆွေးနွေးပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။