နေပြည်တော်တဝိုက် ဘုန်းတော်ကြီးကျောင်း တစ်ချို့ကို ဖျက်သိမ်းဖို့ ညွှန်ကြားထား
2013.02.03

Photo: AFP
တရားဝင်ဘုန်းကြီးကျောင်း ၅ ကျောင်းနဲ့ တရားမဝင်ဘုန်းကြီးကျောင်း ၂၆ ကျောင်းတို့ကို ဖျက်ပေးဖို့ အဲဒီကျောင်းတွေမှာ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီလ ၃၁ ရက်နေ့က သစ်တောဌာန၊ လယ်/ဆည်ဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာသနာရေးနဲ့ သံဃာ့နာယက အဖွဲ့တာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံ ပြောဆိုတာဖြစ်တယ်လို့ ဆရာတော်တွေက မိန့်ပါတယ်။
အခု သက်ဆိုင်ရာ အာဏာပိုင်တွေက ဖယ်ရှားဖျက်သိမ်းခိုင်းနေတဲ့ ဇဗ္မူသီရိ၊ ဒက္ဒိဏသီရိနဲ့ ဥတ္တရသီရိမြို့နယ် အတွင်းက ဘုန်းတော်ကြီးကျောင်းတွေရဲ့ အနီးအနားမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တုန်းကလည်း သက်ဆိုင်ရာအာဏာပိုင်တွေက သစ်တောနယ်မြေကျူးကျော်ဆိုပြီး ဘုန်းကြီးကျောင်းတစ်ချို့ကို မီးရှို့ခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့တယ်လို့ ဘုန်းတော်ကြီးတွေရဲ့ မိန့်ကြားချက်အရ သိရပါတယ်။