ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက တစည ကိုယ်စားလှယ်လောင်းတစ်ဦး ပယ်ဖျက်

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုပြီး ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပယ်ဖျက်လိုက်တာနဲ့ ပတ်သက်ပြီး တစည ပါတီက ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

2012.03.09
nup_tun_yee_305_z ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တစည ပါတီက ပြုလုပ်သည့် ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် တွေ့ရသည့် ပါတီဥက္ကဋ္ဌ ဦးထွန်းရီ။ (Photo: RFA)
(Photo: RFA)

ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်ကနေ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် တစညပါတီ ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမြင့်ကို ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁ဝ၊ ပုဒ်မခွဲ (င) နဲ့ ငြိစွန်းနေတယ်ဆိုပြီး ပယ်ဖျက်ခဲ့ကြောင်း တစညပါတီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်စန္ဒာမြင့်ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲမှာလည်း လမ်းမတော်မြို့နယ်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ အခု ရွေးကောက်ပွဲကော်မရှင်ရဲ့ အကြောင်းပြချက်ဟာ ခိုင်လုံမှု မရှိတဲ့အပြင် လူပုဂ္ဂိုလ်ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက် နစ်နာစေပါတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်စန္ဒာမြင့်က ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-03-10 15:21

လာပြန်ပြီ တစည ပြည်သူတွေကို နိုပ်စက်လို့ 
မ၀သေးဘူးလား ... ခင်ဗျားတို့ အုပ်ချုပ်တုန်း
ဘာတိုးတက်မှူရှိလို့ လဲ ..မွေးတည်တာပဲ အဖတ်
တင်တယ် .. ပြည်သူတွေကို လိမ်ညာခဲ့တဲ့ ခင်ဗျား
တို့  တစညကို လုံးဝလက်မခံသင့်ဘူး .. တောက်

Anonymous
2012-03-09 11:19

တစညက တစ်ကောင်မှ မပါရင်ကောင်းလေပဲ ..
နိုင်ငံကို မွဲးတေအောင် ဆက်လုပ်နေအုံးမယ် ..
အဏာရှင်ရူး နေ၀င်းလက်ကျန်အဖွဲ့  ...တောက်

Anonymous
2012-03-13 03:51

နိုင်ငံကို နှက်စက်ခဲ.တဲ.ကောင်တွေ။ တစ်ယောက်မှ မပါလေကောင်းလေ။ဆန်ကုန်မြေလေးကောင်တွေ။၇ှက်တတ်၇င် လဲသေဖို.ကောင်းတယ်။