လွှတ်တော်အတွင်းအပြင် လှုပ်ရှားမှုတွေအကြောင်း အဖြေရှာဆွေးနွေး


2015.01.10
parliament-politics-discuss-305.jpg ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဇန်နဝါရီလ ၁ဝ ရက်နေ့ ကကျင်းပတဲ့ လွှတ်တော်နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး ဘယ်လှုပ်ရှားမှုက ပြည်သူ့အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင် သလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို တွေ့ရစဉ်
Photo: Sann Maw Aung, Kyaw Lwin Oo/RFA

လွှတ်တော်နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး ဘယ်လှုပ်ရှားမှုက ပြည်သူ့အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်သလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ ပါတယ်။

လွှတ်တော်တွင်း အခြေအနေတွေကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ၊ ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းတို့ က ဆွေးနွေးခဲ့ကြပြီး လွှတ်တော်ပြင်ပနိုင်ငံရေး အခြေအနေကို ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးနဲ့ Triangle အမျိုးသမီး အဖွဲ့က ဒေါ်ခင်လေးတို့က ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ပြည်သူလူထု အကျိုးစီးပွားအတွက် မတရားတဲ့ ဥပဒေတွေကို ပယ်ဖျက်ပေးဖို့ရာမှာ လက်ရှိလွှတ်တော်က ဆောင်ရွက်နိုင်မှု အားနည်းနေသေးတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။

"မငြင်းနိုင်တဲ့အချက်ကတော့ ကျမတို့ လွှတ်တော်များသည် မတရားသော ဥပဒေများကို ပယ်ဖျက်ပေးတဲ့ အပိုင်းမှာတော့ အင်မတန်အားနည်းပါတယ်၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားတွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့အတွက် လက်တွေ့ကျတဲ့လုပ်ငန်းတွေကို ဆောင်ရွက်တဲ့နေရာမှာကျတော့ အင်မတန်ကိုအားနည်းပါတယ်၊ သို့သော် ပြည်သူ့ဘဝလုံခြုံမှုကိုတေ့ာ အတိုင်းအတာတစ်ခုအထိ ကျမတို့ လုံခြုံအောင်လုပ်ပေးပါတယ်"

ဆွေးနွေးပွဲမှာ ၂၀၁၅ နဲ့ ၂၀၁၅အလွန် လွှတ်တော်တွင်း လွှတ်တော်ပြင်ပနိုင်ငံရေး အခြေအနေတွေ ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းသားအဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး လူ၂၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

ဒီနေ့ဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် မစန်းမော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။