ထာဝရငြိမ်းချမ်းရေး အနုပညာပွဲ လူရွှင်တော်များ ဦးစီးကျင်းပမည်


2013.06.24

ထာဝရငြိမ်းချမ်းရေး၊ ထာဝရ သေနတ်သံ ပပျောက်ရေးနဲ့ မြေမြုပ်မိုင်းများ ပြန်လည် တူးဖော်ရှင်းလင်းရေးအတွက် ရည်ရွယ်ပြီး ရုပ်ရှင်၊ ဂီတသဘင်ကို ဇူလိုင်လကုန်လောက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ရုပ်ရှင်၊ ဂီတသဘင်ကို ဦးသူရ ( ) ဇာဂနာ ဦးဆောင်ပြီး လူရွှင်တော်များ အဖွဲ့အစည်းက စုပေါင်းကျင်းပမှာ ဖြစ်တယ်လို့ လူရွှင်တော် ဦးမေတ္တာက RFA ကို ပြောပါတယ်။

"ဇာဂနာက ဦးဆောင်ပြီးတော့ လူရွှင်တော်များ အဖွဲ့အစည်းက လုပ်ကြမှာပေါ့ဗျာ၊ ထာဝရငြိမ်းချမ်းရေး၊ ထာဝရ သေနတ်သံ ပပျောက်ရေး၊ နောက်တစ်ခါ မြေမြုပ်မိုင်းများ ပြန်လည် တူးဖော်ရှင်းလင်းရေး၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ပြီးတော့ တက်ကြွရွှင်လန်းနိုင်ရေးပေ့ါ၊ နောက်တစ်ခါ ပညာရေးပိုင်းဆိုင်ရာတွေမှာ တချို့တွေများ ပညာသင်ပေးဖို့ အခက်အခဲရှိတာတွေနဲ့ ပတ်သက်ပြီးပေါ့ဗျာ၊ အဓိကကတော့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးကို မကြာခဏ ဆွေးနွေးပွဲပြုလုပ်တာတွေ အဲဒါတွေ ပါတာပေါ့ဗျာ”

ဒီသဘင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဍ အားကစားကွင်းမှာ ကျင်းပဖို့ စီစဉ်ထားပြီး ရုပ်ရှင်၊ ဂီတနဲ့ သဘင်အနုပညာတွေကို တင်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။