အရပ်သားလုပ်ငန်းတွေမှာ စစ်တပ်နေရာ ဖယ်ပေးဖို့လိုကြောင်း ICG ထောက်ပြ
2014.04.22

မြန်မာ့စစ်တပ်အနေနဲ့ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ဖို့ စစ်တပ်ကိုယ်တိုင်က ဦးဆောင် စတင် ဆောင်ရွက် ခဲ့တာ ဖြစ်သလို ပြုပြင်ပြောင်း လဲရေး တည်ငြိမ်းအေးချမ်းစွာအကောင်ထည်ဖော်နိုင်ဖို့ စစ်တပ်အနေနဲ့ ဆက်လက်ပြီး အရပ်သား လုပ်ငန်းတွေ ကနေ နေရာဖယ်ပေးဖို့ လိုအပ်ကြောင်း ဥရောပ အခြေစိုက် နိုင်ငံတကာပဋိပက္ခ များ လေ့လာ စောင့် ကြည့်ရေးအဖွဲ့ ICG က မူဝါဒရေးရာ အစီရင်ခံစာ တစောင် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
စာမျက်နှာ ၂ဝ ပါတဲ့ “မြန်မာ့တပ်မတော် စစ်တန်း လျားပြန်တော့မလား”လို့ တိုက်ရိုက်အဓိပ္ပာယ်ရတဲ့ အစီရင်ခံစာမှာ မြန်မာ့တပ်မတော် ကို ပြုပြင်ပြောင်း လဲရေးလုပ်ငန်းတွေကို ရပ်တန့်စေတဲ့အဖွဲ့၊ ဒါမှမဟုတ် အနှောက်ယှက်ပေးနေတဲ့အဖွဲ့အစည်းအဖြစ် အများက မကြာခဏ အထင်မှားခံရတာတွေရှိကြောင်း၊ တကယ် တမ်း မြန်မာနိုင်ငံက နိုင်ငံရေးအသွင်ကူးပြောင်းမှုဟာ အပေါ်ကအောက် မူချဆောင်ရွက်တဲ့ လုပ်ငန်းဖြစ်ပြီး စစ်တပ်ကိုယ်တိုင်က စစ်အာဏာရှင်စနစ်ကနေ ဦးဆောင်ပြောင်းလဲခဲ့တာဖြစ်ကြောင်း ဒီအစီရင်ခံစာ က ထောက်ပြပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အောင်မြင်စေဖို့ လက်ရှိဖွဲ့စည်းပုံမှာ ပါတဲ့ တပ်မတော်အခန်း ကဏ္ဍကို လျှော့ချပြီး တပ်ကို အရပ်ဖက်က ထိန်းချုပ်တဲ့ အစဉ်အလာကို မြင့်တင်ရေး မြန်မာစစ်တပ်အနေနဲ့ လက်ခံဖိုလိုအပ်ကြောင်းလည်း တိုက်တွန်းထားပါတယ်။
မြန်မာ့တပ်မတော်အနေနဲ့ လူ့အခွင့်ရေးချိုးဖောက်တာတွေရပ်ဖို့၊ အရပ်သားတွေနဲ့ဆက်ဆံပုံတွေကို ပြောင်းလဲဖို့၊ အထူးသဖြင့် တိုင်းရင်းသားနယ်စပ်ဒေသက ပြည်သူတွေကို ဆက်ဆံပုံတွေ ပြောင်းဖို့၊ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအားလုံးနဲ့ ဘာသာတရားအားလုံးကို ကိုယ်စားပြု ကာကွယ်စောင့်ရှောက်ပေးတဲ့ အမျိုးသားရေး အဖွဲ့အစည်းတခုအဖြစ် ရပ်တည်နိုင်ရေး ပြောင်းလဲဖို့လိုတယ်လို့လည်း ICG အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။