ရခိုင်ပြည်နယ်မှာ ကုမ္ပဏီအချို့ မူးယစ်ဆေးရောင်းချမှု အဓိကလုပ်
2015.12.18

ရခိုင်ပြည်နယ်အတွင်း ပမာဏကြီးမားတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသူတွေဟာ စီးပွားရေး လုပ်ငန်းတွေကို အခြေခံပြီး ဆောင်ရွက်နေကြတာကို တွေ့ရတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောပါတယ်။
စစ်တွေမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ဒီနေ့ ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ရဲမှူးကြီးနေမျိုးက ပြောခဲ့တာဖြစ်ပါတယ်။
"မူးယစ်ဆေးဝါးတွေကို အလုံးလိုက်အခဲလိုက် သယ်နိုင်ဖို့ဆိုရင် စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ ထဲထဲဝင်ဝင်လုပ်ပြီးတော့မှ ကျနော်တို့ ဥပမာပေးရမယ်ဆိုရင် နောက်ဆုံးဖမ်းဆီးရမိတဲ့ သန်းနဲ့ချီတဲ့ ဒီစိတ်ကြွဆေးပြားတွေရဲ့ ကွင်းဆက်သည် ကုလားတန်စီမံကိန်းဆိုပြီးတော့ အမည်ခံထားတဲ့ ကုမ္ပဏီတစ်ခုကနေပြီးတော့ ဒီဟာကိုလုပ်တာ သွားတွေ့ရတယ်"
ရန်ကုန်မြို့ ဇေကမ္ဘာဝင်းထဲမှာ စံချိန်တင်ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးသယ်ဆောင်မှုဟာ ရခိုင်ပြည် နယ် ပေါက်တော မြို့နယ်အခြေစိုက် Kaladan Data Project ကုမ္ပဏီအမည်ခံ ဆောင်ရွက်ခဲ့သူတွေဖြစ်ပြီး ဖမ်းမိထားသူတွေကို စစ်ဆေးချက်အရ သူတို့ဟာ ရေလမ်းကြောင်းကို အဓိကအသုံးပြုပြီး ဆောင်ရွက်နေ တာကို တွေ့ရတယ်လို့ ရဲမှူးကြီး က ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲကို ရောက်ရှိလာတဲ့ မူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်နယ်ကနေ သယ်ဆောင်လာတာဖြစ်ပြီး မောင်တောနယ်စပ်ကနေ တစ်ဆင့် ပြည်ပနိုင်ငံတွေကို အများဆုံး ပို့ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ဒီနေ့အထိ WY စိတ်ကြွဆေးပြားပေါင်း ၁၈ သိန်းကျော်ဖမ်းဆီး ရမိခဲ့ပြီး လူပေါင်း ၁၈၀ ကျော်ကို ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီအထဲမှာ ထိုင်းနိုင်ငံအတွင်းက ငါးဖမ်းစက်လှေတွေပေါ်မှာ ရောင်းစားခံရတာတွေနဲ့ တရုတ်နိုင်ငံထဲမှာ
ရောင်းစားခံရတာတွေ အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။