နိုင်ငံရေးအမှုတွေ ရုပ်သိမ်း ဖို့ပြင်ဆင်နေ
2016.04.20

ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တုန်းက နိုင်ငံရေးအမှုတွေနဲ့ ဆက်နွယ်ပြီး လက်ရှိတရားရုံးတွေမှာ တရားရင်ဆိုင်နေရတဲ့အမှုတွေကို ပြန်လည် ရုပ်သိမ်းပေးဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်နေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ညွှန်ကြားချက်အရ မနက်ဖြန်အစိုးရရုံးတွေ ပြန်လည်ဖွင့်လှစ်ချိန်ကစပြီး ဆောင် ရွက်သွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းဌာနညွှန်ကြားရေးမှုး ရဲမှူးကြီးထွန်းမင်း က ပြောပါတယ်။
"အတိုင်ပင်ခံပုဂ္ဂိလ်ရဲ့အမိန့်အရတော့ တရားရုံးမှာ ရုံးချိန်းရှိတဲ့နေ့တွေဆို ဆောင်ရွက်သွားမှာပါ၊ သူရဲ့လုပ် ထုံး လုပ်နည်းကတော့ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ တရားလို တော်တော်များများကတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကတော့ ဒီဟာကိုပိတ်သိမ်းခွင့်တောင်းတဲ့အခါ၊ ဥပဒေကိုတင်ပြ၊ သက်ဆိုင်ရာမြို့နယ်ဥပဒေက စိစစ်ပြီးတော့ သက်ဆိုင်ရာတရားရုံးတင်၊ တရားရုံးကနေ ရုပ်သိမ်းခွင့်ပြုတဲ့အမိန့်ကိုချပြီးတာနဲ့ မြန် ပါတယ်"
ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့် ပုဒ်မ ၁၈ ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ၊ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေးမှာပါဝင်မှု ပုဒ်မ ၁၄၃ စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့အမှုတွေဖြစ်ပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၄ အရ တရားရုံးတွေမှာ ပြန်လည်ရုပ်သိမ်းဖို့ဖြစ်တယ်လို့ ပြောပါတယ်။
တရားရုံးတွေမှာ အမှုရင်ဆိုင်နေရတဲ့ အမှုအများစုဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး စွဲဆိုထား တာတွေဖြစ်ပါတယ်။
အဲဒီအမှုတွေကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရုံးညွှန်ကြားချက်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေက အထွေထွေအုပ်ချုပ်ရေး ဌာနတွေနဲ့ စိစစ်ဆောင်ရွက်မှာဖြစ်ကာ မကြာမီရက်ပိုင်းအတွင်းမှာ ပဲ အဲဒီအမှုတွေ ရုတ်သိမ်းနိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် လက်ရှိအကျဉ်းထောင်တွေထဲမှာကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လည်း ပြန်လွှတ်ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ် လို့လည်း ပြောပါတယ်။