ခေတ်အဆက်ဆက် ခွင့်ပြုခဲ့တဲ့ စီမံ ကိန်းတွေကို တိုင်ကြားလျှင် ပြန်စိ စစ်မည်


2017.06.23
u-mg-mg-win-620.jpg စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ကို ဇွန်လ ၂၃ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ တွေ့ရစဉ်
Photo: Win Naung Toe/RFA

ခေတ်အဆက်ဆက်ခွင့်ပြုထားတဲ့ စီမံကိန်းလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး အများပြည်သူ ထိခိုက်နစ်နာမှုတွေ ရှိကြောင်း တင်ပြလာပါရင် ပြန်လည်စိစစ်သွားမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်း တင်သွင်းထားတဲ့ ပြည်သူတွေလက်မခံတဲ့ နှစ်ရှည်စီမံကိန်းတွေ နဲ့ ခေတ်အဆက်ဆက် အစိုးရတွေက ခွင့်ပြုထားတဲ့လုပ်ငန်းတွေကို ပြန်လည်စိစစ်ပေးဖို့ အစိုးရကို တိုက် တွန်းကြောင်းအဆိုကို ဝန်ကြီးဌာန က ပြန်လည်ရှင်းလင်းရာမှာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အခုလိုပြော ဆိုသွားတာပါ။

"အများပြည်သူ ထိခိုက်နစ်နာမှုများရှိလာပါက လုပ်ကွက်ထိန်းသိမ်းခြင်း၊ စစ်ဆေးအရေးယူခြင်း ၊ လျော်ကြေးငွေ ပေးချေစေခြင်း စသည်တို့နှင့် အရေးယူဆောင်ရွက်ပေးနေကြောင်း"

ဒါ့အပြင် သတ္တုတူးဖော်ထုတ်လုပ်မှုတွေကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုများနဲ့၊ လူမှုစီးပွားဘဝထိခိုက်မှု များရှိလာပါ က ဒေသခံတွေအနေနဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကို တိုင်ကြားပါက အချိန်နဲ့ တပြေးညီ အရေးယူသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ကျောက်စိမ်း၊ကျောက်မျက် တူးဖော် တဲ့လုပ်တွေကို နှစ်ရှည်မဟုတ်ဘဲ အများဆုံး ၅ နှစ်အထိပဲ လုပ်ကိုင်ခွင့်ပြုထား တယ်လို့လည်း ဒုတိယဝန်ကြီး ပြောပါတယ်။

ဒေါ်မိကွန်ချမ်းတင်သွင်းတဲ့အဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စား လှယ် ၁၃ ဦးက အကြံပြုထောက်ခံဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာဝန်ကြီးဌာနကလည်း အဆိုကို မှတ်တမ်းတင်ဖို့ ပြောတာကြောင့် ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ မှတ်တမ်းတင်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။